​မြောက်ကိုရီး​ယား​ ၃၁ ဦး​ ​တောင်ကိုရီး​ယား​သို့​ ထွက်​ပြေး​ခိုလှံု

alt

ကိုရီး​ယား​ နှစ်နိုင်ငံကြား​ တင်း​မာမှုများ​ ဖြစ်​ပေါ်​နေသည့်​ ပင်လယ်ဝါကို ဖြတ်သန်း​ပြီး​ ​မြောက်ကိုရီး​ယား​နိုင်ငံသား​ ၃၁ ဦး​ ​တောင်ကိုရီး​ယား​သို့​ ခိုဝင်​ရောက်ရှိလာ​ကြောင်း​ သိရသည်။

ဆိုး​မြို့ရှိ ​တောင်ကိုရီး​ယား​ ကာကွယ်​ရေး​ ဝန်ကြီး​ဌာနက ​လှေငယ်တစ်စင်း​ဖြင့်​ ​ရောက်ရှိလာသူများ​သည် ဒုက္ခသည်များ​ မဟုတ်ဘဲ ခိုလှံုခွင့်​အတွက် ​ရောက်လာခြင်း​ ဟုတ်မဟုတ်ကိုလည်း​ စုံစမ်း​နေဆဲဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဒါန်အယ်အီဘို သတင်း​စာက ​မြောက်ကိုရီး​ယား​နိုင်ငံသား​များ​ ပင်လယ်ကိုဖြတ်ပြီး​ ​ရောက်ရှိလာ​ကြောင်း​ ​ဖော်ပြမှုကို ဝန်ကြီး​ဌာန တာဝန်ရှိသူ တစ်ဦး​က အတည်ပြု ​ပြောဆိုခဲ့​သည်။

၅ တန် အ​လေး​ချိန်ရှိ​သော ​လှေငယ်ဖြင့်​ ၁.၆ မိုင် အကွာအ​ဝေး​ကို ​ကျော်ဖြတ်ကာ ​တောင်ကိုရီး​ယား​ ကမ်း​ခြေသို့​ ဇန်နဝါရီလ ၅ ရက်​နေ့​က အဆိုပါ​လှေငယ် ဆိုက်ကပ်နိုင်ခဲ့​ကြောင်း​ ကမ်း​ခြေ​စောင့်​ တပ်ဖွဲ့​က ​ကြေညာသည်။ လိုက်ပါလာသူများ​သည် အမျိုး​သမီး​ ၂၀ နှင့်​ အမျိုး​သား​ ၁၁ ဦး​တို့​ဖြစ်ပြီး​ မြူနှင်း​များ​ ထူထပ်အုပ်ဆိုင်း​နေ​သော ကမ်း​ခြေသို့​ ဆိုက်​ရောက်လာခဲ့​ကြောင်း​ ယွန်ဟပ်သတင်း​ဌာနက ​ဖော်ပြခဲ့​သည်။ အချို့​သော သတင်း​များ​ကမူ ​လှေငယ်​ပေါ်တွင် စွမ်း​အင်ပြတ်​တောက်မှု​ကြောင့်​ ​တောင်ကိုရီး​ယား​သို့​ ​ရောက်ရှိလာခြင်း​ ဖြစ်နိုင်​ကြောင်း​ သုံး​သပ်​ရေး​သား​ခဲ့​သည်။

​တောင်နှင့်​မြောက် ကိုရီး​ယား​နှစ်နိုင်ငံသည် ယခုအခါ အပြန်အလှန် တင်း​မာ​နေမှုများ​အတွက် အစိုး​ရချင်း​ ညှိနှိုင်း​ဆွေး​နွေး​ရန် စီစဉ်​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here