အ​မေရိကန် အာကာသသု​တေသန​စခန်း​တွင် ဓာတ်​ငွေ့​​ယိုစိမ့်​မှု​​ဖြစ်ပွား​

alt

အ​မေရိကန်နိုင်ငံရှိ အာကာသ သု​တေသန စခန်း​တစ်ခုတွင် ဓာတ်​ငွေ့​ယိုစိမ့်​မှု​ကြောင့်​ လူအများ​ကို အ​ရေး​ပေါ် ​ရွှေ့​ပြောင်း​ပေး​ခဲ့​ရ​ကြောင်း​ သိရသည်။ က​နေဒီ အာကာသ စခန်း​တွင် ​ဖေ​ဖော်ဝါရီလ ၂ ရက်​နေ့​က မ​တော်တဆ ဓာတ်​ငွေ့​ယိုစိမ့်​မှု တစ်ခုဖြစ်ပွား​ကြောင်း​ NASA က အတည်ပြုခဲ့​သည်။

ထို့​ကြောင့်​ ဝန်ထမ်း​ပေါင်း​ ရာနှင့်​ချီပြီး​ ​ရွှေ့​ပြောင်း​မှု ပြုလုပ်​ပေး​ခဲ့​ရ​ကြောင်း​လည်း​ ​ပြောဆိုသွား​သည်။ စစ်​ဆေး​မှုများ​အရ အာကာသစခန်း​ရှိ ဓာတ်​ငွေ့​ပိုက်လိုင်း​ တစ်ခုမှ ယိုစိမ့်​မှု ဖြစ်ပွား​ကြောင်း​ စစ်​ဆေး​တွေ့​ရှိခဲ့​သည်။

ဝန်ထမ်း​များ​ကို အ​ရေး​ပေါ် ​ရွှေ့​ပြောင်း​ခဲ့​ရ​သော်လည်း​ မည်သူမျှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့​ဟု NASA က ​ပြောကြား​ခဲ့​သည်။ ထို့​အပြင် စစ်​ဆေး​ပြင်ဆင်မှုများ​ အပြီး​တွင် အလုပ်ခွင်သို့​ ပြန်လည်ဝင်​ရောက်ခဲ့​ကြောင်း​ သိရသည်။ NASA သည် ယခုနှစ်အတွင်း​ အာကာသယာဉ်များ​ လွှတ်တင်သည့်​ စနစ်​ဟောင်း​ကို အပြီး​တိုင် အနား​ပေး​မည်ဖြစ်ပြီး​ လွန်း​ပျံယာဉ် ၃ စင်း​ကိုမူ လွှတ်တင်သွား​မည်ဟုဆိုသည်။ ​

ဖေ​ဖော်ဝါရီလ ၂၄ ရက်​နေ့​တွင် Discovery ကို လွှတ်တင်ရန် စီစဉ်ထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here