နေအဖွဲ့​အစည်း​အပြင်ဘက်တွင် ဂြိုဟ်​ပေါင်း​ ၁၀၀၀ ​ကျော်ရှာ​ဖွေ​တွေ့​ရှိ

alt

ကက်ပလာ အာကာသယာဉ်သည် ​နေအဖွဲ့​အစည်း​ အပြင်ဖက်ရှိ ဂြိုဟ်​ပေါင်း​ ၁၀၀၀ ​ကျော်အား​ ရှာ​ဖွေမှတ်တမ်း​တင်နိုင်ခဲ့​ကြောင်း​ သိရသည်။ ကက်ပလာက ရှာ​ဖွေ​တွေ့​ရှိခဲ့​သော ဂြိုဟ်များ​အနက်

အနည်း​ဆုံး​ ၅၄ လုံး​သည် သတ္တဝါများ​ ရှင်သန်​နေထိုင်​လောက်​သော ​ရေတည်ရှိမှု၊​ အပူချိန်မျှတမှု စံနှုန်း​များ​နှင့်​ ကိုက်ညီ​နေ​ကြောင်း​ NASA က ​ပြောကြား​ခဲ့​သည်။

NASA လက်​အောက်ခံ အိမ်း​သု​တေသန စင်တာက လွှတ်တင်ထား​သော ကက်ပလာ အာကာသယာဉ်သည် ကမ္ဘာမှ အလင်း​နှစ်​ပေါင်း​ ၂၀၀၀ ​ကျော် ကွာ​ဝေး​သော ​နေရာများ​ရှိ ​နေအဖွဲ့​အစည်း​ အသီး​သီး​မှ ကြယ်တာရာ ၁၅၆၀၀၀ ကို​လေ့​လာပြီး​ ဂြိုဟ်များ​ကို စာရင်း​ပြု မှတ်သား​ခဲ့​ခြင်း​ဖြစ်သည်။ အိမ်း​သု​တေသန စင်တာမှ ပညာရှင် တစ်ဦး​ဖြစ်​သော ဝီလီ​ဘော်ရူကီက ကက်ပလာသည် ဂြိုဟ်အလုံး​ပေါင်း​ ၁၂၃၅ ကို မှတ်တမ်း​တင်နိုင်ခဲ့​ကြောင်း​၊​ ယင်း​တို့​အနက် ၂၈၈ ဦး​သည် ကမ္ဘာထက် အနည်း​ဆုံး​ နှစ်ဆပိုကြီး​ကြောင်း​ ရှင်း​ပြခဲ့​သည်။

၆၆၂ လုံး​သည် နပ်ပကျွန်း​ဂြိုဟ်မျှရှိပြီး​ ၁၆၅ လုံး​မှ ဂျူပီတာဂြိုဟ်၏ အရွယ်မျှရှိ​ကြောင်း​၊​ ၁၉ လုံး​သည် ဂျူပီတာထက်ပင် ကြီး​သေး​ကြောင်း​ ရှင်း​ပြခဲ့​သည်။ ၂၀၀၉ ခုနှစ်၊​ မတ်လက စတင်ခဲ့​သော ​လေ့​လာမှု၏ ရလဒ်ကို အလွန်အံ့​အား​သင့်​ ​ကျေနပ်မိ​ကြောင်း​ ​ဘော်ရူကီကဆိုသည်။ ကက်ပလာ၏ ရှာ​ဖွေ​တွေ့​ရှိခဲ့​မှုတွင် ယခင်က မှတ်တမ်း​မတင်ရ​သေး​သည့်​ အ​သေး​စား​ ​နေအဖွဲ့​အစည်း​ငယ်များ​လည်း​ ပါဝင်​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here