စစ်​ရေး​လျှို့​ဝှက်ချက် ​ပေါက်ကြား​မှုတွင် စစ်မှုထမ်း​ဟောင်း​အမျိုး​သမီး​တွင် အပြစ်ရှိ​ကြောင်း​ အစ္စ​ရေး​ဆုံး​ဖြတ်

alt

အစ္စ​ရေး​နိုင်ငံ၊​ တဲအဗစ်မြို့​ရှိ တရား​ရုံး​တစ်ခုတွင် အစ္စ​ရေး​ စစ်မှုထမ်း​ဟောင်း​ အမျိုး​သမီး​တစ်ဦး​အား​ စစ်ဖက်ဆိုင်ရာ လျှို့​ဝှက်ချက်များ​ ​ပေါက်ကြား​စေမှုအတွက် အပြစ်ရှိ​ကြောင်း​ ဆုံး​ဖြတ်ချက် ချမှတ်လိုက်သည်။

အသက် ၂၀ ​ကျော်မျှသာ ရှိ​သေး​သော အန်နက်ကမ်သည် သူမ စစ်မှုထမ်း​ခဲ့​သည့်​ ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်ကြား​ ကာလအတွင်း​ စစ်ဖက်ဆိုင်ရာ မှတ်တမ်း​မှတ်ရာ ၂၀၀၀ ဝန်း​ကျင်ကို ရယူကာ မီဒီယာများ​ထံ ​ပေါက်ကြား​စေခဲ့​ကြောင်း​ ဝန်ခံလိုက်သည်။ ထိုပြစ်မှုအတွက် အပြင်း​ထန်ဆုံး​အ​နေနှင့်​ ​ထောင်ဒဏ် ၁၂ နှစ်ထိ ချမှတ်နိုင်​ကြောင်း​ သတင်း​များ​ကဆိုသည်။

ကမ်သည် ၂၀၀၉ ခုနှစ်၊​ ဒီဇင်ဘာလက ​နေအိမ်တွင် အဖမ်း​ခံခဲ့​ရသည်။ သူမ ခိုး​ယူခဲ့​သော မှတ်တမ်း​များ​တွင် တပ်များ​မည်သို့​ ဖြန့်​ချထား​သည်စ​သော အလွန်အ​ရေး​ကြီး​သည့်​ လျှို့​ဝှက်ချက်များ​ ပါရှိသည်။ ၁၉၈၇ ခုနှစ်က ဖွား​မြင်သည်ဆို​သော အချက်မှလွဲ၍ ကမ်နှင့်​ပတ်သက်သည့်​ အခြား​ကိုယ်​ရေး​ကိုယ်တာ မှတ်တမ်း​မှတ်ရာများ​ကို တရား​ရုံး​က ​ဖော်ပြခြင်း​ မရှိ​ချေ။

သူမက ပါလက်စတိုင်း​မြေတွင် အစ္စ​ရေး​ စစ်တပ်များ​၏ လှုပ်ရှား​နေပုံကို ပြည်သူအများ​ သိရှိလာပြီး​နောက် စိတ်ပိုင်း​ဆိုင်ရာ မြှင့်​တင်နိုင်ရန်သာ ရည်ရွယ်လုပ်​ဆောင်ခဲ့​ကြောင်း​ ​ပြောဆိုထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here