ထိုင်း​နှင့်​က​မ္ဘောဒီး​ယား​ တပ်ဖွဲ့​​များ​ကြား​ ပစ်ခတ်​မှုများ​ ဆက်လက်​ဖြစ်ပွား​

alt

ထိုင်း​နှင့်​ က​မ္ဘောဒီး​ယား​ နယ်ခြား​စောင့်​တပ်များ​ ​ဖေ​ဖော်ဝါရီလ ၆ ရက်​နေ့​က အပြန်အလှန် ဆက်လက်ပစ်ခတ်​နေဆဲဖြစ်ရာ နယ်စပ်အနီး​ ပိုင်ဆိုင်မှု​​အတွက် အငြင်း​ပွား​နေသည့်​ ၁၁ ရာစု​လက်ရာ ​ရှေး​​ဘုရား​​ကျောင်း​တွင် ထိခိုက်​မှုများ​ ဖြစ်လာ​​ကြောင်း​ သိရသည်။

ကုလသမဂ္ဂက ကမ္ဘာ့​​အ​မွေအနှစ် တစ်ခု​အဖြစ် သတ်မှတ်ထား​သော ပရီရာဗီဟရာ ဘုရား​ကျောင်း​၏ အချို့​သော အစိတ်အပိုင်း​များ​သည် ထိုင်း​နိုင်ငံမှ ဗုံး​ဒဏ်​ကြောင့်​ ပျက်စီး​​ပြိုကျခဲ့​ကြောင်း​ ကမ္ဘာဒီး​ယား​က ​ကြေညာ​ခဲ့​သည်။ ထိုင်း​ဖက်မှမူ တစုံတရာ မှတ်ချက်မ​ပေး​ခဲ့​ချေ။ ​ဖေ​ဖော်ဝါရီ ၄ ရက်​နေ့​ စတင်ခဲ့​သော တိုက်ခိုက်မှုများ​ကြောင့်​ ယခုအခါ ​သေဆုံး​သူ အနည်း​ဆုံး​ ၅ ဦး​ထိ ရှိလာပြီဖြစ်သည်။ က​မ္ဘောဒီး​ယား​သည် အဆိုပါ ဘုရား​ကျောင်း​ ပိုင်ဆိုင်မှုကို ရရှိထား​သော်လည်း​ ၂၀၀၈ ခုနှစ်ကတည်း​က ထိုင်း​နှင့်​ က​မ္ဘောဒီး​ယား​ကြား​ နယ်စပ်တင်း​မာမှု ပိုမိုမြင့်​တက်လာခဲ့​သည်။

နိုင်ငံတကာ တရား​ရုံး​က ဘုရား​ကျောင်း​ ဝင်​ပေါက်သည် ထိုင်း​ဖက်သို့​ ဦး​လှည့်​နေသည့်​တိုင် က​မ္ဘောဒီး​ယား​ကသာ ပိုင်ဆိုင်​ကြောင်း​ ၁၉၆၂ ခုနှစ်က ဆုံး​ဖြတ်​ပေး​ခဲ့​သော်လည်း​ ဘုရား​ကျောင်း​ ပတ်ဝန်း​ကျင်ကို ပိုင်ဆိုင်​ရေး​အတွက် အပြန်အလှန် အငြင်း​ပွား​နေဆဲဖြစ်သည်။ မိမိတို့​ ဘုရား​ကျောင်း​ ပျက်စီး​မှုသည် ထိုင်း​နိုင်ငံမှ ပစ်လွှတ်​သော လက်နက်ကြီး​ ဗုံး​ဒဏ်​ကြောင့်​သာဖြစ်​ကြောင်း​ က​မ္ဘောဒီး​ယား​ စစ်ဖက်က စွပ်စွဲထား​သည်။

လက်ရှိတွင် နှစ်နိုင်ငံကြား​ အပစ်အခတ် ရပ်စဲရန် ကြိုး​ပမ်း​နေသည့်​တိုင် အပြန်အလှန် ပစ်ခတ်မှုများ​ ဆက်လက်ဖြစ်​ပေါ်​နေဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here