ဩစ​တြေး​လျ​နိုင်ငံ ကွင်း​စလန်း​​ပြည်နယ်တွင် ဆိုင်ကလုန်း​​မုန်တိုင်း​​​တိုက်ခတ်

alt

ဩစ​တြေး​လျနိုင်ငံ ကွင်း​စလန်း​ပြည်နယ်သို့​ ဝင်​ရောက်တိုက်ခတ်သွား​သည့်​ ဆိုင်ကလုန်း​မိုင်တိုင်း​ကြီး​ ယာဆီ​ကြောင့်​ ပျက်စီး​ဆုံး​ရှံုး​မှု တန်ဖိုး​ကို တိတိကျကျ မသိရ​သေး​ကြောင်း​ သိရသည်။

ဩစ​တြေး​လျ အ​ရှေ့​မြောက်ပိုင်း​ ​ဒေသသို့​ ​ဖေ​ဖော်ဝါရီ ၂ ရက်​နေ့​က ဝင်​ရောက်တိုက်ခတ်သွား​သော မုန်တိုင်း​ကြီး​အတွင်း​ လူအ​သေအ​ပျောက် ရှိလာနိုင်​ကြောင်း​ အာဏာပိုင်များ​က ​ပြောဆိုထား​သည်။ တစ်နာရီ မိုင် ၁၉၀ နှုန်း​ဖြင့်​ အင်အား​ကြီး​မား​စွာ တိုက်ခထတ်သွား​သော မုန်တိုင်း​ကြီး​ကြောင့်​ ကယ်ရန်နှင့်​ ​တောင်း​ဗီလီမြို့​များ​တွင် အိမ်​ပေါင်း​ ၁၈၀၀၀၀ ​ကျော်မျှ လျှပ်စစ်မီး​ ပြတ်​တောက်ပြီး​ ​မှောင်အတိ ကျသွား​ခဲ့​သည်။

ယခင်ကတည်း​က ​ရေကြီး​မှုများ​ ဖြစ်​ပေါ်​နေ​သော ကွင်း​စလန်တွင် ​ဖေ​ဖော်ဝါရီလ ၃ ရက်​နေ့​ နံနက်ပိုင်း​မှ စတင်ပြီး​ ကယ်ဆယ်​ရေး​ လုပ်ငန်း​များ​ ​ဆောင်ရွက်​နေ​ကြောင်း​ ပြည်နယ်အုပ်ချုပ်​ရေး​မှူး​ အန်နာဘလင်း​က ​ပြောကြား​ခဲ့​သည်။ ဩစ​တြေး​လျ သတင်း​စာများ​က ကမ်း​ခြေများ​တွင် ကြီး​မား​သော လှိုင်း​လုံး​ကြီး​များ​ ဖြစ်​ပေါ်ခဲ့​ပြီး​ အချို့​သည် မီတာအနည်း​ငယ်မျှ မြင့်​မား​ခဲ့​ကြောင်း​ ​ဖော်ပြခဲ့​သည်။ မုန်တိုင်း​ကြောင့်​ ပျက်စီး​မှုများ​ ဖြစ်​ပေါ်မည်မှာ ​သေချာ​သော်လည်း​ ယခင်ခန့်​မှန်း​သ​လောက် ဆိုး​ရွား​မှု မရှိရန် ​မျှော်လင့်​ကြောင်း​ ဘလင်း​ကဆိုသည်။

ဩစ​တြေး​လျသည် ယာဆီ​မုန်တိုင်း​ မဝင်​ရောက်မီကတည်း​က အန္တရာယ်ရှိနိုင်​သော ​ဒေသများ​​တွင် ကြိုတင်​ရွှေ့​ပြောင်း​မှုများ​ ပြုလုပ်​​ပေး​ခဲ့​ကောင်း​ သိရှိ​ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here