အမြွာကိုယ်ဝန်မှ သား​နှင်သမီး​ ရလို​ကြောင်း​ အဆို​တော်​မာရိုင်ကာ​ရေး​​​ပြောကြား​

alt

နာမည်​ကျော် အဆို​တော် မာရိုင်ကာ​ရေး​က သူမအ​နေနှင့်​ ကိုယ်ဝန်​ဆောင်ထား​သော အမြွှာ​လေး​များ​ကို သား​တစ်ဦး​၊​ သမီး​တစ်ဦး​ ဖြစ်​စေချင်​ကြောင်း​ ​ပြောကြား​လိုက်သည်။

ကာ​ရေး​နှင့်​ ခင်ပွန်း​သည် နစ်ကင်နွန်တို့​သည် ဧပြီလတွင် ချစ်စဖွယ် ရင်​သွေး​လေး​များ​ကို ရရှိမည်ဟု ခန့်​မှန်း​ထား​သည်။ သို့​သော်လည်း​ အမြွှာက​လေး​ငယ်များ​၏ လိင်ကိုမူ မိမိတို့​ နှစ်ဦး​လုံး​ ကြိုကြိုတင်တင် သိရှိရန် စိတ်ကူး​မထား​ကြောင်း​ အသက် ၄၀ အရွယ် ကာ​ရေး​ကဆိုသည်။ မိမိ၏ ကိုယ်ဝန်မှာ အမြွှာ​မွေး​ဖွား​မည်ကို အတိအကျ ​ပြောနိုင်​ကြောင်း​၊​ သို့​သော်လည်း​ က​လေး​များ​မှာ ​ယောက်ျား​လေး​ဖြစ်မည်၊​ မိန်း​က​လေး​ဖြစ်မည်ကို လျှို့​ဝှက်​သော ကိစ္စအ​နေနှင့်​သာ ရှိ​စေချင်​ကြောင်း​ ကာ​ရေး​က ​ပြောဆိုသွား​သည်။

ကင်နွန်ကိုယ်တိုင်ကလည်း​ ဖခင်ဖြစ်လာမည့်​ ခံစား​ချက်အတွက် ကြိုတင်စိတ်လှုပ်ရှား​ ​ပျော်ရွှင်​နေမိ​ကြောင်း​ ဝန်ခံခဲ့​သည်။ ကာ​ရေး​နှင့်​ နစ်တို့​သည် ကိုယ်ဝန်ရှိ​နေ​ကြောင်း​ ​ကောလဟာလများ​နှင့်​ ပတ်သက်၍ ကာလရှည်ကြာစွာ တုန့်​ပြန်ခြင်း​ မပြုဘဲ ​နေခဲ့​ပြီး​မှ ဒီဇင်ဘာလတွင် ယင်း​သတင်း​ကို အတည်ပြု ​ကြေညာခဲ့​သည်။

အသက် ၃၀ အရွယ်ရှိ မင်း​သား​က ၎င်းနှင့်​ ကာ​ရေး​တို့​သည် က​လေး​နှစ်ဦး​၏ အမည်များ​ကို ခပ်ဆင်ဆင်​တူညီ​အောင် မှည့်​ခေါ်ရန် စိတ်ကူး​ထား​ကြောင်း​လည်း​ E! Onlineသို့​ ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here