​ဖော်မြူလာဝမ်း​ ကား​မောင်း​​သမား​ ​ရောဘတ်​ကူဘီကာ ယာဉ်​မ​တော်တဆ​မှု​ကြောင့်​ ဒဏ်ရာ​​ပြင်း​ထန်စွာ​​ရရှိ

alt

ဖော်မြူလာဝမ်း​ ပြိုင်ပွဲဝင် ကား​မောင်း​​သမား​ ​ရောဘတ်ကူဘီကာသည် မ​တော်တဆမှု တစ်ခု​အတွင်း​ ပြင်း​ပြင်း​ထန်ထန် ဒဏ်ရာ​ရသွား​​ကြောင်း​ သိရသည်။ Lotus Renault အသင်း​မှ ကား​မောင်း​​သမား​သည်

အီတလီ​နိုင်ငံတွင် ပြုလုပ်သည့်​ ​တောကြမ်း​​မော်​တော်ကား​ ပြိုင်ပွဲတွင် ဝင်​ရောက်​​ယှဉ်ပြိုင်ရင်း​ ယာဉ်မ​တော်တဆမှု​ကြောင့်​ ဘယ်ဖက်လက်​မောင်း​နှင့်​ ​ခြေ​ထောက်တို့​ အရိုး​အက်သွား​ခဲ့​သည်။

Lotus Renaultမှ တာဝန်ရှိသူ တစ်ဦး​က ကူဘီကာသည် ဒဏ်ရာရ​သော်လည်း​ ​မေ့​မြောသွား​ခြင်း​ မရှိဟု ထုတ်ပြန်​ကြေညာခဲ့​သည်။ အသက် ၂၆ နှစ်ရှိ ကား​မောင်း​သမား​သည် ဂျီနိုအာအနီး​ ရွန်ဒီဒိုင်အန်ဒိုရာ ပြိုင်ပွဲတွင် ဝင်​ရောက်ယှဉ်ပြိုင်ရာမှ ယခုလို ဒဏ်ရာရခဲ့​သည့်​အတွက် အနီး​ဆုံး​ ​ဆေး​ရုံသို့​ ရဟတ်ယာဉ်နှင့်​ ပို့​ဆောင်​ပေး​ခဲ့​ရသည်။

၎င်းသည် မတ်လ ၁၄ ရက်​နေ့​၊​ ဘာရိန်း​တွင် စတင်ကျင်း​ပမည့်​ ၂၀၁၁ ​ဖော်မြူလာဝမ်း​ ကား​မောင်း​ပြိုင်ပွဲတွင် ပါဝင်နိုင်ရန် မ​သေချာ​သေး​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here