အသက် ၁၂ နှစ်အရွယ်နှင့်​ ​လေဖြတ်​​ဝေဒနာ​ခံစား​​နေရသည့်​ ဗြိတိန်​မိန်း​က​လေး​

alt

ဗြိတိန်နိုင်ငံတွင် မိန်း​က​လေး​ငယ် တစ်ဦး​သည် အသက် ၁၂ နှစ်အရွယ်နှင့်​ ​လေဖြတ်​ဝေဒနာ ခံစား​နေရ​ကြောင်း​ သိရသည်။ သူမသည် ​သေဆုံး​သွား​သည့်​ အလှ​မွေး​ ဟမ်း​စတား​ ကြွက်က​လေး​ကို ဥယျာဉ်ထဲ တွင်း​တူး​မြှုပ်နှံရင်း​ မ​တော်တဆ ​လေဖြတ်သွား​ခြင်း​ဖြစ်သည်။

အဖြူနှင့်​ အနက်​ရောင် ​ရောစပ်ထား​သည့်​ ဟမ်း​စတား​လေး​အတွက် ဝမ်း​နည်း​ကြေကွဲ​နေ​သော ​ကေလိတ်ဝက်ဒ်သည် စိတ်ထိခိုက်၍ ရုတ်တရက် လဲကျသွား​ခဲ့​သည်။ သို့​သော်လည်း​ သူမသည် လူး​လဲထ၍ အိမ်ထဲပြန်ဝင်လာခဲ့​သေး​သည်။ သို့​သော်လည်း​ ​ဆေး​ရုံသို့​ ​ရောက်ချိန်တွင်မူ ဆရာဝန်များ​က မိန်း​က​လေး​သည် ​လေဖြတ်​ဝေဒနာ ခံစား​နေရ​ကြောင်း​ အတည်ပြုခဲ့​သည်။ ဝက်ဒ်၏ မိခင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် လီဘီကာက သူမ၏ သမီး​သည် ဘယ်ဖက်​ခြေ​ထောက်မှ ခံစား​မှုများ​ကို မသိ​တော့​ကြောင်း​ အထိတ်တလန့်​ ​အော်ဟစ်ရင်း​ အိမ်ထဲ​ပြေး​ဝင်လာ​ကြောင်း​၊​ ရုတ်တရက် ထူပူသွား​မိ​သော်လည်း​ ၉၉၉ သို့​ ​ကြောက်အား​လန့်​အား​ ဖုန်း​ခေါ်ခဲ့​မိ​ကြောင်း​ ရှင်း​ပြခဲ့​သည်။

​ဆေး​ဝန်ထမ်း​များ​ ​ရောက်လာပြီး​နောက် ကား​ဒစ်ရှိ ​ဝေလက​လေး​ဆေး​ရုံသို့​ ဝက်ဒ်အား​ ​ခေါ်​ဆောင်သွား​ခဲ့​သည်။ ​ဆေး​စစ်မှုများ​အရ သူမ၏ ဦး​နှောက်ညာဖက်ခြမ်း​တွင် ​လေဖြတ်မှု ဖြစ်​ပေါ်ခဲ့​ကြောင်း​ ဆရာဝန်များ​က စစ်​ဆေး​တွေ့​ရှိခဲ့​ပြီး​ အကျိုး​ဆက် အ​နေနှင့်​ ခန္ဓာကိုယ် ဘယ်ဖက်ရှိ အစိတ်အပိုင်း​ အချို့​တို့​ သွက်ချာပါဒ ဖြစ်သွား​ကြောင်း​ သိရသည်။

လက်ရှိတွင် ဆရာဝန်များ​သည် မိန်း​က​လေး​၏ ​လေဖြတ်မှု အ​သေး​စိတ်ကို စစ်​ဆေး​နေဆဲဖြစ်ပြီး​ ယခုနှစ်ကုန်တွင် ဦး​နှောက်သို့​ ​သွေး​လည်ပတ် စီး​ဆင်း​မှုကို အ​သေး​စိတ်စစ်​ဆေး​ ဓာတ်မှန်ရိုက်ဖွယ် ရှိ​နေ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here