အရပ်ထဲ​က ဗြုတ်စဗြဲ​​တောင်း​

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

ကဲ…စာမ​ရေး​တာလည်း​ ကြာ​ပေ​ပေါ့​။ သမုဒ္ဒရာ ဝမ်း​တထွာမို့​လို့​သာ​ပေါ့​…ဒါများ​မဟုတ်ရင်ဖြင့်​ အလုပ်နဲ့​ လက်နဲ့​ မပြတ်လိုက်ပုံများ​ ယား​ရင်​တောင် ကုတ်ဖို့​ဝေး​စွ။

စာမ​ရေး​တာကြာတာနဲ့​ သမုဒ္ဒရာ ဝမ်း​တထွာ ဘာဆိုင်လို့​တုန်း​လို့​ ​မေး​ကောင်း​ ​မေး​လာကြရင်ဖြင့်​ ဒီလက်​တွေ ခုလို ​ရေး​နိုင်ဖို့​များ​က ဝမ်း​တထွာ​လေး​ ​တောင့်​ဖို့​အတွက် အလုပ်များ​နေလို့​လေလို့​ အ​ကြောင်း​ပြရ မယ်ထင်ပါ့​။

ကဲ…ဒါ​တွေ ထား​ပါ​တော့​…ဘာအ​ကြောင်း​များ​ ​ရေး​လိုက်ရင်ဖြင့်​ ဒီက​နေ့​ ဘာ​တွေများ​ အပြင် ကမ္ဘာမှာ ဖြစ်​နေသတုန်း​ ငဲ့​ကြည့်​လိုက်ရင်ဖြင့်​ ဟိုး​အ​ဝေး​တ​နေရာက ​ရွှေ​ပြောင်​ပြောင် အ​ဆောက်အအုံက ကိစ္စချည်း​ပဲပါလား​ဗျို့​…။

ဘယ်သူက​တော့​ ဘာ​တွေဖြစ်ကုန်ပြီ…ဘယ်အ​ကောင်က​တော့​ ဘာရာထူး​လေရပြီဆိုပြီး​ ပြည်တွင်း​ ပြည်ပမီဒီယာမှာ စုံလို့​ဗျို့​…။ ဒါ့​တင်လား​ဗျ ဟုတ်​သေး​ပြန်ဘူး​။ ပုဆိုး​ချွတ် လူဝတ်လဲ ကိုကိုအစိမ်း​ရောင်တပ် သား​တို့​များ​ စား​ခွက်လုရင်း​၊​ ကိုက်ရင်း​၊​ ကွဲကြပြဲကြပြန်သတဲ့​။ ဪ…​လောကကြီး​များ​လည်း​ အံ့​ဩပါ​ပေ့​။

အတူတူကိုက်တုန်း​ကဖြင့်​ နှမ​ပေး​မတက် ချစ်လိုက်ကြပုံများ​ အပြင်​လေများ​ဝင်ရင်ဖြင့်​ ကွဲ​ကြေ​တော့​ ​လေဟန်…။ ညီညွတ်လိုက်ပုံများ​ ငယ်ငယ်ကသင်ဘူး​တဲ့​ သစ်စည်း​ကြီး​ လူချိုး​မရသလိုပါ့​။

ကဲ…ခုများ​ကျ​တော့​ ကွဲကြ၊​ ပြဲကြပြန်​တော့​ သံ​ဝေဂများ​ ရ​လေရဲ့​။

စီနီယာဗိုလ်ချုပ်က ဂျူနီယာလက်​အောက် မလုပ်ချင်ရတာနဲ့​၊​ ဝန်ကြီး​ဌာနအကြီး​ကြီး​က​နေ အလုပ် မဖြစ်တဲ့​ဝန်ကြီး​ဌာန​ပြောင်း​ရလို့​ မ​ကျေနပ်တဲ့​သူနဲ့​ အိုး​…စုံ​နေပါ​ပေါ့​ အရပ်ကတို့​ရေ…။

အိမ်း​…ဒီ့​အပြင်ကို ထွက်ကြည့်​လိုက်ပြန်​တော့​လည်း​ ဒီအတိုင်း​ပါပဲလား​ကွယ်…။

လွှတ်​တော်ယိမ်း​ကြီး​ တိုက်လိုက်ပုံများ​ သကြင်္န်ယိမ်း​တောင် အရှံုး​ပေး​ရမတက်ကွဲ့​ရို့​။ ​ပေး​သိချင်သ ​လောက် ​ပေး​သိရတာကို ယိမ်း​တိုက်သလို သူလည်း​ရေး​၊​ ကိုယ်လည်း​ရေး​နဲ့​ ပြင်ပ၊​ ပြည်တွင်း​ မီဒီယာက လည်း​ ရှိ​သေး​သဗျို့​…။

အသံဆိုတဲ့​ ဂျာနယ်မှာပါတဲ့​ အင်တာဗျူး​တခုက သ​ဘောကျသဗျို့​။

မီဒီယာသမား​ကို သတင်း​ပေး​မယူခိုင်း​တော့​ သတင်း​ပေး​နိုင်တဲ့​ ကျ​နော်တို့​က အာ​ပေါက်သတဲ့​…။ လွှတ်​တော်ကိုယ်စား​လှယ်​တွေ ညည်း​တွား​ချက်​လေ။ ပြည်တွင်း​ပြည်ပသတင်း​တွေများ​ ဖတ်လိုက်ရရင်ဖြင့်​ တဦး​နဲ့​ တဦး​ အပြိုင်အဆိုင် သတင်း​ဦး​နိုင်ဖို့​အ​ရေး​ လွှတ်​တော်ကိုမှ စပယ်ရှယ်လစ်ယူထား​သူ​တွေလည်း​ ဒုနဲ့​ဒေး​ဗျ။

တ​နေ့​ တ​နေ့​ကို ၁၀ မိနစ်​လောက်နဲ့​ ပြိုင်တူ​ခေါင်း​ညိမ့်​ပြီး​ လုပ်​နေတဲ့​ ရုပ်​သေး​ရုပ်ကိုယ်စား​လှယ်​တွေ ကို အသီး​သီး​သကာလ ဆက်သွယ်ပြီး​ သတင်း​အဖြစ်လုပ်​နေရတာကို​တော့​ သနား​သဗျို့​။ တို့​များ​တော့​ ​လေညှာမှာ ​နေသာသလို ​နေပြီး​ ​ခေါင်း​ညိမ့်​ပြီး​သာကာလမှသာ ထွက်လာတဲ့​ မ​ကျေနပ်သံကို နား​စွင့်​မ​တော့​ဗျာ…။

ဪ…​နောက်ထပ် ဘာ​တွေများ​ ထူး​ခြား​သတုန်း​ဟဲ့​ဆို ​ခေါင်း​ငဲ့​ပြန်​တော့​…။

အောင်မ​ငေး​ဗျာ…လန့်​စရာပါလား​။ လက်နက်ကိုင် ၁၂ ဖွဲ့​က မဟာမိတ် ဖွဲ့​ပြန်ပြီတဲ့​။ ​ဘောင်း​ဘီချွတ် အစိုး​ရ​တော့​ မသိ။ သ​ကောင့်​သား​ ကျ​နော်မျိုး​တော့​ လန့်​သ​ဟေ့​။ ဟိုတုန်း​ကလည်း​ ဖွဲ့​လိုက်တာပဲ။ ခုလည်း​ ဖွဲ့​ပြန်ပြီတဲ့​။ ဘာ​တွေများ​ လုပ်ကြမတုန်း​ကွယ်။ ဝင်သာတိုက်ပစ်လိုက်ပါလား​လို့​ အမြင်ကပ်ကပ်နဲ့​သာ ​ချောက်တွန်း​လိုက်ချင်တယ်။ ခပ်ကွင်း​ပြင်ရင်း​နဲ့​ ရွာသာကြီး​ ​ရောက်​နေပါဦး​မယ်ကွဲ့​။ နှစ်​တွေလည်း​ ဆယ်နဲ့​ချီ ကြာပြီ​လေကွယ်။

တိုက်ကြပါ…တိုက်ကြပါ…များ​များ​တိုက်ကြပါ…အချိန်​တွေရှိတုန်း​…တိုက်ကြဦး​…

အဲ…ဒါနဲ့​ ဘယ်သူ့​အတွက်တုန်း​ဆိုပြီး​တော့​ ​မေး​လိုက်ချင်​သေး​ရဲ့​။

ကဲ…ဒီဘက်ကို​တော့​ တခန်း​ရပ်သဗျို့​…။

နောက်အရပ်စီသို့​ ဦး​တည်လှည့်​ပြန်သကာလ …။

အယ်…ငိုမဲ့​မဲ့​နဲ့​ တရုန်း​သုန်း​ကာတဖွဲ့​ကလည်း​ ရှိ​သေး​ပြန်သဟ…။ ဘယ်သူတုန်း​လို့​များ​ဆိုပြီး​ စိတ်ဝိဉာဉ်ဖြန့်​လိုက်သ​တော့​…။

ဪ…ဒိုး​နာ​တွေသ​ဘောကျ တ​ကောက်​ကောက်လိုက်​နေကြတဲ့​ ငတိ​တွေပါလား​။ ဘာလို့​များ​ လိုက်​နေကြသတုန်း​ စပ်စုချည်ရဲ့​။

အောင်မယ်…​အောင်မယ်…ဗမာပြည်လူ့​သဘာဝအ​ကြောင်း​ မသိဘဲ စိတ်ကူး​ပေါက်သလို လုပ်​နေတဲ့​ သိုး​ဆောင်း​တွေစကား​ကို ​ခေါင်း​တညိမ့်​ညိမ့်​လုပ်​နေကြတာများ​က ဗမာသား​တွေကွယ်ရို့​။ ​ဒေါ်လှအပြား​တွေ ကလည်း​ တဝင်း​ဝင်း​နဲ့​ပါလား​။

​အောင်မယ်…မခန့်​မငြား​နဲ့​ ဗမာသား​ပြောကွက်များ​ လှသဗျို့​။

“ပူး​သတ်မယ်… ခွာသတ်မယ်… ​ပေါင်း​သတ်မယ်… ​နောက်ဆုံး​ ကိုယ့်​လူကိုယ် သတ်မယ် …ယုံပြီလား​… ​ပေး​ ပိုက်ဆံ…”

“ယုံ​သေး​ဘူး​လား​… မယုံရင် ကြည့်​… ဟို​ကောင့်​ကို​တော့​ ဖြုတ်ပစ်လိုက်…ဒီ​ကောင့်​ကို ထုတ်ပစ်လိုက်… ​တွေ့​ပြီလား​…​ပေး​ ပိုက်ဆံ…”

“ဒါ​တောင် ယုံ​သေး​ဘူး​လား​…​လေယာဉ်လက်မှတ်သာ​ပေး​တော့​…ပြည်တွင်း​ပြန်​တော့​မယ်…”

​ဝေါ…​ဝေါ…​ဝေါ…​ဝေါ… (​လေယာဉ်သံမဟုတ်….​ဒေါ်လှအပြား​များ​ ကျလာသံ)

“​ကောင်​လေး​…​တော်တယ်…မင်း​တို့​ ဗမာပြည်မှာက ဒီမိုက​ရေစီတိုး​တက်လာပြီ…ပြည်ပမှာ ​နေတာ ထက် ပြည်တွင်း​ကို သွား​ပါ။ ဒါမှ ​ဝေါ…​ဝေါ…​ဝေါ…​ဝေါ…အသံ​တွေ ကြား​ရမယ်”

ကဲ…​ကောင်း​ကျ​သေး​ရဲ့​လား​…အရပ်ကတို့​ရဲ့​…

သန်း​ရွှေကြီး​ ​မြေကြီး​ထွက်တာကို ​ရောင်း​စား​တာကိုပဲ ​ကျေး​ဇူး​တင်ရမလို​နော့်​…။ ခု​တော့​ ဒီမိုက​ရေစီ ကို ​ရောင်း​စား​နေလိုက်ပုံများ​…​လျော့​ဈေး​ကြီး​နဲ့​ချည်း​ပဲ…။

ကဲ…​တော်​ချေပြီ…စိတ်ကုန်တယ်။ ​နောက်တဂွင်​ပြောင်း​စို့​။

အယ်…အား​တင်း​ကာ မာန်တင်း​ကာပါ့​ အသူရာသိကြား​မင်း​တို့​ စစ်ခင်း​ကာ ပြိုင်ကြသည်…။

အောင်မယ်…ဘယ်သူ​တွေများ​ ပြိုင်​နေသတုန်း​…။

သ​ကောင့်​သား​ ကြံ့​ဖွတ်​တွေ အများ​ပြိုင် ဓမ္မာရုံ​မြေကို လု​နေကြသကိုး​။

သင်း​ဟာသင်း​ လက်ကိုင်တုတ်လုပ်လိုက်…အမတ်လုပ်လိုက်နဲ့​ မဝ​သေး​ဘဲ…ဘုရား​လူကြီး​ လုပ်ချင် သကိုး​။ ​ကောင်း​သ​ဟေ့​…ပြည်သူက မလိုလား​လို့​ ကန့်​ကွက်ပုံများ​ အား​ရစရာ ကိုရင်​ရေ။

ပြည်သူကိုများ​ ဘာများ​ထင်သတုန်း​ တိရစ္ဆာန်တပိုင်း​ လူ့​ငရိုင်း​တွေ​ရေ…ဝမ်း​တွင်း​အဟာရ မ​သေရုံ တမယ်ဖြည့်​နေရတဲ့​အထဲ အများ​ကောင်း​ကျိုး​ မြတ်ဒါနကိုမှ ဒိန်ခဲမှတ်ပြီး​ လာဖဲ့​ချင်သကိုး​။

ကဲ…အရပ်တကာ မိဘအ​ပေါင်း​ “ခါချဉ်​ကောင် မာန်ကြီး​ ​တောင်ကြီး​ဖြိုမယ် ကြံ”လို့​ သုံး​ရင်ဖြင့်​ ရိုင်း​နေမှာမို့​လို့​ “ပြည်သူအမှန် မာန်ကြီး​ ကြံ့​ (ဖွတ်) ကြီး​ ပြိုမယ် အမှန်”လို့​သာ အား​ပေး​ရင်း​ ဒီတပတ် အရပ်တကာလှည့်​တာကို နား​ဦး​စို့​ဗျို့​…။

ကိုရင်လွန်း​မောင်

LEAVE A REPLY

Please enter your comment!
Please enter your name here