ကား​အာမခံထား​ကာ အာမခံရုံး​​အ​ဆောက်အအုံကို ကား​ဖြင့်​​ဝင်တိုက်သည့်​ အ​မေရိကန်​အမျိုး​သမီး​

alt

အ​မေရိကန်နိုင်ငံတွင် အမျိုး​သမီး​တစ်ဦး​သည် သူမ၏ကား​ကို အာမခံထား​ရှိပြီး​ ထိုအာမခံရုံး​ အ​ဆောက်အအုံကိုပင် သူမ၏ကား​ဖြင့်​ ဝင်တိုက်မိခဲ့​ကြောင်း​ သိရသည်။

ဖ​လော်ရီဒါတွင် ​နေထိုင်​သော အမျိုး​သမီး​ တစ်ဦး​သည် ​အေဒရီယန် ဖာနန်ဒက် အာမခံလုပ်ငန်း​ ရုံး​အ​ဆောက်အအုံသို့​ ဇန်နဝါရီ ၃ ၁ ရက်​နေ့​ ညပိုင်း​က ကား​ဖြင့်​ဝင်တိုက်ခဲ့​ခြင်း​ဖြစ်သည်။ သူမသည် အ​သေး​စား​ ဒဏ်ရာအနည်း​ငယ်သာ ရရှိခဲ့​ပြီး​ ​ဆေး​ရုံတွင် ​ခေတ္တမျှသာ ကုသမှု ခံယူခဲ့​ရ​ကြောင်း​ ရဲများ​ကဆိုသည်။ ကား​အတွင်း​ လိုက်ပါလာ​သော အမျိုး​သား​တစ်ဦး​နှင့်​ ၄ နှစ်အရွယ် က​လေး​တစ်ဦး​တို့​မှာမူ ဒဏ်ရာမရရှိခဲ့​ပေ။ ​နောက်ပိုင်း​စုံစမ်း​မှုများ​အရ သူမ၏ကား​မှာ အာမခံ ထား​ရှိပြီး​ဖြစ်၍ ​အေဒရီယန် ဖာနန်ဒက် အာမခံဌာနတွင်ပင် မှတ်ပုံတင်ထား​ခြင်း​ဖြစ်​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။

ကား​တိုက်မှု ဖြစ်ပွား​ပြီး​နောက် အာမခံ လုပ်ငန်း​ပိုင်ရှင် ဖာနန်ဒက်ကိုယ်တိုင် ​ရောက်ရှိလာကာ ၎င်းသည် ထိုကား​အတွက် အာမခံ ​အေး​ဂျင့်​ဖြစ်​ကြောင်း​ ရဲများ​အား​ ​ပြောပြခဲ့​သည်။ သို့​သော်လည်း​ ၎င်း၏ ရုံး​အ​ဆောက်အအုံကို ဝင်တိုက်မိသည့်​ ​မော်​တော်ကား​အတွက် မည်သို့​မည်ပုံ အာမခံ ​လျော်​ကြေး​ပေး​မည်ကိုမူ ရှင်း​ရှင်း​လင်း​လင်း​ မသိရ​သေး​ချေ။ ရဲတပ်ဖွဲ့​က ကား​တိုက်မှုကို ဆက်လက်စုံစမ်း​နေဆဲဟု ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here