မိုး​ဘိုင်း​ဖုန်း​ OS များ​အနက် Andriod စနစ်မှာ လူကြိုက်​အများ​ဆုံး​​ဖြစ်လာ

alt

၂၀၁၀ ပြည့်​နှစ်၏ စတုတ္ထ သုံး​လပတ်မှ စတင်ပြီး​ မိုဘိုင်း​ဖုန်း​ OS များ​အနက် Android သည် လူကြိုက်အများ​ဆုံး​ အဆင့်​သို့​ ​ရောက်လာ​ကြောင်း​ စစ်တမ်း​တစ်ခုက ​ဖော်ပြခဲ့​သည်။

Canalys ကုမ္ပဏီက ပြုလုပ်​သော ​ဈေး​ကွက်စစ်တမ်း​အရ ၂၀၁ဝ ပြည့်​နှစ်၏ ​နောက်ဆုံး​ ၃ လအတွင်း​ Google ၏ Android OS ကို အသုံး​ပြုထား​သည့်​ မိုဘိုင်း​ဖုန်း​ ၃၂.၉ သန်း​မျှ ကမ္ဘာအရပ်ရပ်သို့​ တင်ပို့​ရောင်း​ချခဲ့​ရ​ကြောင်း​ သိရှိရသည်။ ယင်း​ပမာဏသည် မိုဘိုင်း​ဖုန်း​ OS​ ဈေး​ကွက်တွင် အချိန်ကြာမြင့်​စွာ လွှမ်း​မိုး​ချုပ်ကိုင်ထား​သည့်​ Symbian ကို ပထမဆုံး​အကြိမ် ​ကျော်တက်ခဲ့​ခြင်း​ဖြစ်သည်။

Symbian OS သုံး​ ဖုန်း​များ​သည် ၃ လအတွင်း​ အလုံး​ရေ ၃၁ သန်း​မျှသာ ​ရောင်း​ချခဲ့​ရသည်။ ၂၀၀၉ ခုနှစ်နှင့်​ နှိုင်း​ယှဉ်ပါက Androidသည် ၆၁၅ ရာခိုင်နှုန်း​ တိုး​ပွား​လာပြီး​ ​ဈေး​ကွက်​နေရာရမှု ၃၂.၅ ရာခိုင်နှုန်း​ ရှိလာသည်။ Nokia ဖုန်း​များ​တွင် အဓိက အသုံး​ပြု​နေသည့်​ Symbian မှာမူ ၄၄.၄ ရာခိုင်နှုန်း​ ကျဆင်း​သွား​ရာ စုစု​ပေါင်း​ ၃၀.၆ ရာခိုင်နှုန်း​သာ ​ဈေး​ကွက်​ဝေစု ရရှိထား​သည်။ Apple ၏ iOS သည် Android ကို ​နေရာ​ဖယ်​ပေး​လိုက်ရခြင်း​ကြောင့်​ ​ဈေး​ကွက်​ဝေစု ၁၆ ရာခိုင်နှုန်း​ဖြင့်​ တတိယ​​နေရာသို့​ ကျဆင်း​သွား​သည်။

သို့​သော်လည်း​ Apple ၏ iPhone များ​ တင်ပို့​ရောင်း​ချရမှုမှာမူ ၈၆ ရာခိုင်နှုန်း​ တိုး​လာပြီး​ အလုံး​ရေ ၁၆.၂ သန်း​ထိ ရှိလာသည်။ Blackberry ဖုန်း​များ​ ထုတ်လုပ်သည့်​ RIM ၏ စုစု​ပေါင်း​ ​ဈေး​ကွက်​ဝေစုမှာလည်း​ ၂၀ ရာခိုင်နှုန်း​မှ ၁၄.၄ ရာခိုင်နှုန်း​သို့​ ​လျော့​ကျသွား​သည့်​တိုင် ဖုန်း​များ​ တင်ပို့​ရောင်း​ချမှုမှာမူ ၃၅ ရာခိုင်နှုန်း​ ပိုများ​လာ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here