​ကြော်ငြာ​အဖြစ် အမြည်း​ပေး​သည့်​​ ဒိန်ချဉ်မှာ သုက်ရည်နှင့်​​တူ​နေသဖြင့်​ ရဲက​​စစ်​ဆေး​

alt

ကြော်ငြာအဖြစ် အမြည်း​ပေး​သည့်​ ဒိန်ချဉ်သည် သုက်ရည်နှင့်​ အရသာတူ​နေ​ကြောင်း​ အမျိုး​သမီး​ တစ်ဦး​က စွပ်စွဲခဲ့​ပြီး​နောက် ဒိန်ချဉ်​ရောင်း​သူကို ရဲကစစ်​ဆေး​လျက်ရှိသည်။

အ​မေရိကန်နိုင်ငံ၊​ အယ်ဘူကွာကွာရှိ ရဲတပ်ဖွဲ့​က ယခုသီတင်း​ပါတ်အတွင်း​ ဆန်း​ဖလား​ဝါး​ဈေး​ရှိ စတိုး​ဆိုင် အလုပ်သမား​ တစ်ဦး​ဖြစ်သည့်​ အသက် ၃၁ နှစ်အရွယ် အန်တိုနီ ဂါစီယာအား​ ​မေး​မြန်း​မှုများ​ ပြလုပ်​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အမျိုး​သမီး​က သူမသည် ဒိန်ချဉ်ကို ​သောက်ပြီး​နောက် ​ထွေး​ထုတ်လိုက်​ကြောင်း​၊​ အဘယ့်​ကြောင့်​ဆို​သော် ၎င်း၏ အရသာသည် အမျိုး​သား​ သုက်ရည်နှင့်​ ဆင်တူ​နေ၍ဖြစ်​ကြောင်း​ ရဲတပ်ဖွဲ့​ထံ တိုင်ကြား​ခဲ့​သည်။ ရဲတပ်ဖွဲ့​သည် ယင်း​နမူနာ ဒိန်ချဉ်ကို စစ်​ဆေး​မှု ပြုလုပ်သွား​မည်ဟုဆိုသည်။

ရဲတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရပုဂ္ဂိုလ် ရဲကြပ်ကြီး​ ထရစ်​ဟော့​မန်း​က ယခုကဲ့​သို့​ တိုင်ကြား​မှုမျိုး​ ကြံုဖူး​သည်မှာ ပထမဆုံး​ဖြစ်​ကြောင်း​ ​ပြောကြား​သွား​သည်။ ဂါစီယာသည် ယခင်က အ​သေး​စား​ လိင်မှုဆိုင်ရာ ​စော်ကား​ခြင်း​အတွက် နှစ်ကြိမ်မျှ ရုံး​တင်စစ်​ဆေး​ ခံခဲ့​ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here