တင်း​နစ်​​​လောကမှ ​ခေတ္တ​​​အနား​ယူမည်ဟု အင်ဒီမာ​ရေး​​​​ပြောကြား​

alt

အင်ဒီမာ​ရေး​က ၎င်းအ​နေနှင့်​ တင်း​နစ်​လောကမှ လအနည်း​ငယ်မျှ အနား​ယူ​နေဦး​မည်ဟု ​ပြောကြား​လိုက်သည်။ ဩစ​တြေး​လျ အိုး​ပင်း​ ဗိုလ်လုပွဲတွင် အ​ရေး​နိမ့်​ခဲ့​ပြီး​နောက် တင်း​နစ်မကစား​ဘဲ ၂ လမျှ နား​နေမည်ဖြစ်​ကြောင်း​၊​

အရှံုး​အတွက် ရရှိခဲ့​သည့်​ စိတ်ဒဏ်ရာကို ကုစား​ရန် အချိန်လို​ကြောင်း​ ဗြိတိန်၏ နံပါတ် ၁ တင်း​နစ်သမား​ကဆိုသည်။ ၎င်းသည် ဩစ​တြေး​လျ အိုး​ပင်း​တွင် ၂ နှစ်ဆက်အဖြစ် ဗိုလ်လုပွဲ တက်ခဲ့​သော်လည်း​ ဇန်နဝါရီလ ၃၀ ရက်​နေ့​ ဗိုလ်လုပွဲတွင် ဆာဘီး​ယား​မှ နိုဗက်ဂျိုကိုဗစ်အား​ ၆-၄၊​ ၆-၂၊​ ၆-၃ ဖြင့်​ သုံး​ပွဲပြတ် အ​ရေး​နိမ့်​ခဲ့​သော​ကြောင့်​ ဂရင်း​ဆလင်း​ ပြိုင်ပွဲကြီး​များ​တွင် ဗိုလ်မစွဲနိုင်​သေး​သည့်​ ရာဇဝင်ကို မ​ပြောင်း​လဲနိုင်ခဲ့​ချေ။

ယမန်နှစ်ကလည်း​ မိမိသည် ဗိုလ်လုပွဲတွင် ​ရော်ဂျာဖက်ဒါရာအား​ အ​ရေး​နိမ့်​ခဲ့​ကြောင်း​၊​ ယခုနှစ်တွင် ပိုမို​ကောင်း​မွန်​သော ရလဒ်ကို ​မျှော်လင့်​ခဲ့​သည့်​တိုင် ဂျိုကိုဗစ်သည် အထူး​လက်စွမ်း​ထက်ကာ မိမိကို အနိုင်ယူခဲ့​ကြောင်း​ အသက် ၂၃ နှစ်ရှိ မာ​ရေး​က ညည်း​တွား​ခဲ့​သည်။ ထို့​အပြင် မိမိအ​နေနှင့်​ ပို​ကောင်း​အောင် ကစား​ခဲ့​သင့်​ကြောင်း​၊​ အရှံုး​မှ သင်ခန်း​စာယူပြီး​ ပို​ကောင်း​အောင် ကြိုး​စား​ရမည်ကို နား​လည်သ​ဘော​ပေါက်ထား​သည့်​တိုင် ယခုလက်ရှိတွင်မူ တင်း​နစ်​လောကမှ ​ခေတ္တအနား​ယူ​နေရန် စိတ်ကူး​ကြောင်း​ မာ​ရေး​က ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here