လိင်စိတ်​ဖြေ အရုပ်များ​နှင့်​အတူ ကမ္ဘာ​ပတ်​နေသည့်​ က​နေဒါနိုင်ငံသား​

alt

က​နေဒါနိုင်ငံမှ အမျိုး​သား​တစ်ဦး​သည် ၎င်းစိတ်ကြိုက် ​ရွေး​ချယ်ဝယ်ယူထား​သော လိင်စိတ်​ဖြေ အရုပ်ကြီး​ ၆ ခုကို သယ်​ဆောင်ကာ ကမ္ဘာအနှံ့​ ခရီး​သွား​နေ​ကြောင်း​ သိရသည်။

အိမ်​ထောင်ရှင် တစ်ဦး​ဖြစ်​သော အသက် ၅၇ နှစ်အရွယ် ​ဒေ့​ဟော်ကီသည် အဆိုပါ အရုပ်များ​ကို သယ်​ဆောင်ကာ အင်္ဂလန်နှင့်​ အ​မေရိကတလွှား​ရှိ နာမည်​ကျော် ​နေရာများ​သို့​ ​ရောက်ရှိခဲ့​ပြီး​ဖြစ်သည်။ ​

ကျောက်တုံး​စက်ဝိုင်း​ကြီး​ တည်ရှိရာ Stonehenge၊​ ဂရင်း​ကင်ညွန်၊​ နိုင်အာဂရာ ​ရေတံခွန်စသည်တို့​ကို သွား​ရောက်လည်ပတ်တိုင်း​ အဆိုပါ အရုပ်များ​ကို သယ်​ဆောင်သွား​ရာ ​ဟော်ကီအ​နေနှင့်​ ​ဒေါ်လာ ၂၆၀၀၀ ဖိုး​မျှ ကုန်ကျခဲ့​သည်။ ၎င်းသည် ဗြိတိန်တွင် ​အောက်စဖို့​၊​ ဝီရှိုင်း​ယား​၊​ အဘာဂါဗာနီနှင့်​ ​ဝေလနယ်များ​သို့​လည်း​ အရုပ်များ​ကို သယ်ယူပြီး​ သွား​ရောက်ခဲ့​သည်။ နိုဗာစကိုတီယာ ဇာတိဖွား​ ​ဟော်ကီတွင် ၂ နှစ်အရွယ် သား​ငယ်​လေး​ တစ်ဦး​လည်း​ရှိ​ကြောင်း​ သိရသည်။ ​

ဟော်ကီက ယခုကဲ့​သို့​ အရုပ်ကြီး​များ​ ဝယ်ယူ​လေ့​ရှိသည့်​ ဝါသနာကို ဇနီး​ကလည်း​ နား​လည်မှု ​ပေး​ထား​ကြောင်း​၊​ ယင်း​အတွက် သူမအ​နေနှင့်​ စိတ်အ​နှောင့်​အယှက် မဖြစ်​ကြောင်း​လည်း​ The Sun သတင်း​စာသို့​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here