ဇနီး​သည်​လိင်စိတ်ပြင်း​ထန်လွန်း​သဖြင့်​ တူရကီ​အမျိုး​သား​​တစ်ဦး​ ရဲ​တပ်ဖွဲ့​ကို အကူအညီ​​တောင်း​ရ

alt

ဂျာမနီတွင် ​နေထိုင်​သော တူရကီ အမျိုး​သား​တစ်ဦး​သည် လိင်စိတ်​သောင်း​ကျန်း​လွန်း​သော ဇနီး​ကြောင့်​ ရဲအား​ အကူအညီ ​တောင်း​ခံထား​ရ​ကြောင်း​ သိရသည်။

Bild သတင်း​ဌာနက ဂျာမနီ အ​နောက်​တောင်ပိုင်း​ ဝိုင်ဘီလီဂန်တွင် ​နေထိုင်​သော အဆိုပါ အမျိုး​သား​၏ ဇနီး​မှာ လိင်ဆက်ဆံရန် အလွန်အကျွံ ​တောင်း​ဆိုမှုများ​ ပြုလုပ်ခဲ့​သည်ဟု ၎င်းက ရဲများ​ထံ ​ပြောကြား​ခဲ့​သည်။ ဇန်နဝါရီ ၂၅ ရက်​နေ့​က ယင်း​အမျိုး​သား​သည် လွန်ခဲ့​သော ၄ နှစ်လုံး​လုံး​ အိပ်​ကောင်း​ခြင်း​ပင် မအိပ်ရဟု ရဲများ​အား​ ​ပြောကြား​ခဲ့​သည်။

ရဲတပ်ဖွဲ့​က အမျိုး​သား​သည် ၎င်း၏ ဇနီး​အ​ပေါ် အ​တော်​လေး​ စိတ်ပျက်​ကြောက်ရွံ့​နေ​ကြောင်း​ ​ပြောဆိုသွား​သည်။ အထူး​သဖြင့်​ အလုပ်မှ ပင်ပင်ပန်း​ပန်း​ ပြန်လာတိုင်း​ လိင်ကိစ္စအတွက် နည်း​မျိုး​စုံ ​တောင်း​ဆို​နေ​သော​ကြောင့်​ ယခုအခါ ဇနီး​သည်ကို ကွာရှင်း​ရန်ပင် ကြိုး​စား​နေ​ကြောင်း​ ရဲကဆိုသည်။ ယင်း​ကိစ္စသည် ဇနီး​မောင်နှံများ​ကြား​ ကြီး​ကြီး​မား​မား​ အခက်အခဲ မဟုတ်​သော်လည်း​ အလုပ်မှ ပင်ပန်း​လာချိန်တွင် ဖိအား​ပေး​မှု​ကြောင့်​ ခင်ပွန်း​သည်က စိတ်ပျက်​နေခြင်း​ဖြစ်ပြီး​ ၎င်းသည် ရဲများ​အား​ ညပိုင်း​တွင် အိပ်ခွင့်​ရ​အောင် ကူညီရန် ​တောင်း​ဆိုခဲ့​ခြင်း​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here