​ဟောလီး​ဝုဒ်​မင်း​သား​ ဂျွန်နီဒိပ် အီတလီ​တွင် အိမ်​တစ်လုံး​​​ဝယ်ယူ

alt

​ဟောလီး​ဝုဒ် နာမည်ကြီး​မင်း​သား​ ဂျွန်နီဒိပ်သည် အီတလီနိုင်ငံ၊​ ဗင်း​နစ်မြို့​တွင် အိမ်တစ်လုံး​ ဝယ်ယူလိုက်​ကြောင်း​ သိရသည်။ The Tourist ဇာတ်ကား​ကို ရိုက်ကူး​စဉ်က မိသား​စုနှင့်​အတူ လ​ပေါင်း​အတန်ကြာ သွား​ရောက်​နေထိုင်ခဲ့​ရပြီး​နောက် ဗင်း​နစ်မြို့​အား​

နှစ်သက်သ​ဘောကျသဖြင့်​ ဇိမ်ခံစံအိမ် တစ်လုံး​အား​ ​ပေါင်စတာလင် ၈.၅ သန်း​ဖြင့်​ ဝယ်ယူခဲ့​ခြင်း​ဖြစ်​ကြောင်း​ သိရသည်။ ၁၇ ရာစုလက်ရာ ပလာဇိုဒွန်နာ ဆန်ဂျီယန်​တော့​ဖက်တီ စံအိမ်ကြီး​အား​ အာရပ်မင်း​သား​ တစ်ပါး​ထံမှ ဒပ်က ပြန်လည်ဝယ်ယူခဲ့​ခြင်း​ဟု အီတလီ သတင်း​စာ လာ​နော်ဗာဗီနီဇီယာက ​ဖော်ပြခဲ့​သည်။

ယင်း​သည် ဂရင်း​ကင်နယ်ရှိ ​ရှေး​လက်ရာ အိမ်ကြီး​များ​အနက် နာမည်အကြီး​ဆုံး​အဖြစ်လည်း​ လူသိများ​သည်။ ပြင်သစ်သူ ဗင်နက်ဆာ ပရာဒစ်နှင့်​ က​လေး​ ၂ ဦး​ရှိ​သော ဒပ်သည် မင်း​သမီး​ အိန်ဂျယ်လီနာ ဂျိုလီနှင့်​အတူ ဗင်း​နစ်တွင် The Tourist ကို လာ​ရောက်ရိုက်ကူး​ပြီး​ ကတည်း​က ယင်း​မြို့​အား​ အလွန်နှစ်သက်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ဒပ်သည် ပြင်သစ်တွင်လည်း​ ဇိမ်ခံအိမ်တစ်လုံး​ရှိပြီး​ ​ဟောလီး​ဝုဒ်တွင်လည် စံအိမ်တစ်လုံး​နှင့်​ ဘဟား​မား​တွင်မူ ၄၅ ဧက ကျယ်ဝန်း​သော ကိုယ်ပိုင်ကျွန်း​တစ်ခုပါ ရှိ​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here