စုံတွဲ​တစ်​တွဲအား​ ​ကျောက်တုံး​ဖြင့်​ ပစ်​ပေါက်​သတ်ခဲ့​သူ​တစ်စုအား​ အာဖဂန်ရဲတပ်ဖွဲ့​ အ​ရေး​ယူရန်​စီစဉ်

alt

အာဖဂန်နစ္စတန် ရဲတပ်ဖွဲ့​က စုံတွဲတစ်တွဲအား​ ​ကျောက်တုံး​ဖြင့်​ ပစ်​ပေါက်သတ်ဖြတ်ခဲ့​သူ တစ်စုအား​ ဥပ​ဒေအရ အ​ရေး​ယူရန် စီစဉ်​နေ​ကြောင်း​ သိရသည်။

နိုင်ငံ​မြောက်ပိုင်း​တွင် ဖြစ်ပွား​ခဲ့​သော ကိစ္စအတွက် တရား​ရေး​ဌာနက တာဝန်ယူ ကိုင်တွယ်သွား​မည်ဟုဆိုသည်။ ကန်ဒက်ရှိ ဒက်ရှတီအာချီတွင် ​နေထိုင်​သော အမျိုး​သား​နှင့်​ အမျိုး​သမီး​တို့​သည် အိမ်​ထောင်​ရေး​ ​ဖောက်ပြန်​ကြောင်း​ စွပ်စွဲခံရပြီး​နောက် ဘာသာ​ရေး​ အ​ကြောင်း​ပြချက်ဖြင့်​ လူတစ်စုက ​ကျောက်တုံး​များ​ဖြင့်​ ​ပေါက်သတ်ခဲ့​ခြင်း​ဖြစ်သည်။

ရဲတပ်ဖွဲ့​ အကြီး​အကဲ ဒိုအက်ဒိုအက်က အထူး​စုံစမ်း​ရေး​ ရဲစုံ​ထောက်များ​ကို အခင်း​ဖြစ်ရာ ​နေရာသို့​ ​စေလွှတ်ထား​ပြီး​ ဥပ​ဒေအတိုင်း​ အ​ရေး​ယူ​ဆောင်ရွက်နိုင်ရန် စီစဉ်​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ လူနှစ်ဦး​အား​ ​ကျောက်တုံး​များ​ဖြင့်​ ပစ်​ပေါက်သတ်ဖြတ်​နေပုံကို မိုဘိုင်း​ဖုန်း​ ကင်မရာဖြင့်​ ရိုက်ယူထား​သော ဗီဒီယိုကို ​တွေ့​ရှိပြီး​နောက် ရဲဌာနအ​နေနှင့်​ ယင်း​ကို အ​ရေး​ယူရန် ဖိအား​ပေး​မှုများ​ မြင့်​တက်လာခဲ့​သည်။ အသက် ၂၅ နှစ်အရွယ် အမျိုး​သမီး​ ဆစ်ကွာနှင့်​ သူမ၏ချစ်သူဆို​သော ​ခေယမ်တို့​မှာ လူအများ​က ဝိုင်း​ဝန်း​ဖမ်း​ဆီး​ပြီး​ ရင်​ခေါင်း​ထိနက်​သော တွင်း​ထဲထည့်​ကာ အ​ပေါ်မှ ​ကျောက်တုံး​များ​ဖြင့်​ ပစ်​ပေါက်သတ်ဖြတ်မှု ခံခဲ့​ရခြင်း​ဖြစ်သည်။

ယင်း​တို့​နှစ်ဦး​သည် ပါကစ္စတန်ထိ ထွက်​ပြေး​လွတ်​မြောက်ခဲ့​သော်လည်း​ ​နေရပ်ကို ပြန်လာလျင်လည်း​ အန္တရာယ် မပြုပါဆိုသည့်​ အလိမ်အညာ ကတိစကား​ကို ယုံကြည်ပြီး​ ပြန်လာမိခြင်း​ဖြစ်သည်။ မွတ်ဆလင် ဘာသာ​ရေး​အရ အိမ်​ထောင်​ရေး​ ​ဖောက်ပြန်သူများ​အား​ ​ကျောက်တုံး​ဖြင့်​ ပစ်​ပေါက်စီရင်သတ်ဖြတ်မှုများ​ ယခင်ကလည်း​ ​ပေါ်​ပေါက်ခဲ့​ဖူး​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here