ကွင်း​အတွင်း​ အ​ဖော်အချွတ်​အကမယ်များ​ ​ဖျော်​ဖြေမှု ဂျာမန​ီ​ဘောလုံး​​ကလပ်​ပိတ်ပင်

alt

ဂျာမနီရှိ ​ဘောလုံး​ကလပ် တစ်ခုသည် ကွင်း​အတွင်း​ အ​ဖော်အချွတ် က​ချေသည်များ​က ​ဖျော်​ဖြေမှုကို ပိတ်ပင်ထား​လိုက်​ကြောင်း​ သိရသည်။ ​ဘောလုံး​ပွဲ ကစား​နေစဉ် ​ ကော်ပိုရိတ် ခုံတန်း​နေရာများ​တွင်

အ​ဖော်အချွတ် အကမယ်များ​က ​ဖျော်​ဖြေ​နေခြင်း​ကို မိမိတို့​ တား​မြစ်လိုက်ပြီဖြစ်​ကြောင်း​ ဂျာမန်အဆင့်​မြင့်​တန်း​ ဘွန်း​ဒစ်လီဂါ ပြိုင်ပွဲဝင် စိန့်​ပေါ်လီ အသင်း​က ​ကြေညာသည်။ စိန့်​ပေါ်လီသည် ဟမ်း​ဘတ်မြို့​ရှိ နိုက်ကလပ်တစ်ခုဖြစ်​သော Susis Show Bar ကို ပိုင်ဆိုင်ပြီး​ ယင်း​မှ အကမယ်များ​ကို ​ဘောလုံး​ပွဲအတွင်း​ လာ​ရောက်ကပြခြင်း​ဖြစ်သည်။

ယခုအခါ ​ဘောလုံး​ပွဲ မစတင်မီနှင့်​ ပွဲအပြီး​ကဲ့​သို့​ အချိန်များ​တွင်သာ ​ဖျော်​ဖြေရန် ညွှန်ကြား​ထား​ကြောင်း​ ကလပ်ဥက္ကဌ စတီဖန်​အော့​က Bild သတင်း​ဌာနသို့​ ​ပြောကြား​ခဲ့​သည်။ ထို့​အပြင် တင်း​ ကြပ်​သော တား​မြစ်မှု တစ်ခုအ​နေနှင့်​ အ​ဖော်အချွတ် မယ်များ​သည် အဝတ်အစား​ အား​လုံး​ကုန်သည်အထိ ချွတ်ပစ်ခွင့်​ မပြု​ကြောင်း​လည်း​ ​အော့​ကဆိုသည်။

အကယ်၍ ကွင်း​အတွင်း​ ကိုယ်တုံး​ လုံး​ အမျိုး​သမီး​တစ်ဦး​ ​တွေ့​ပါက အဆိုပါ က​ချေသည် အား​လုံး​ကို နှင်ထုတ်မည်ဖြစ်​ကြောင်း​လည်း​ ၎င်းက ဆက်လက်​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here