သား​နှင့်​သမီး​ကို ​သေနတ်ဖြင့်​​ပစ်သတ်သည့်​ အ​မေရိကန်​အမျိုး​သမီး​

alt

မိမိအား​ ခံ​ပြောသည့်​ ဆယ်​ကျော်သက်အရွယ် သား​နှင့်​သမီး​ကို သတ်ပစ်ခဲ့​မှုအတွက် အ​မေရိကန် အမျိုး​သမီး​ တစ်ဦး​အား​ ရဲတပ်ဖွဲ့​က ဖမ်း​ဆီး​ထား​လိုက်သည်။

ဖ​လော်ရီဒါရှိ တမ်ပါတွင် ​နေထိုင်​သော အသက် ၅၀ အရွယ် ဂျူလီရှာနက်ကာသည် အသက် ၁၃ နှစ်အရွယ် သား​ငယ်ဗျူအား​ ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်က ​သေနတ်ဖြင့်​ ပစ်သတ်ခဲ့​သည်။ ၎င်းသည် ဂျူလီ၏ ခွင့်​ ပြုချက် မရဘဲ ​ဘောလုံး​သွား​ကန်သဖြင့်​ ယခုလို ဆုံး​မခဲ့​ခြင်း​ဖြစ်သည်။ ထို့​အပြင် အ​ပေါ်ထပ်သို့​ တက်သွား​ကာ ၁၆ နှစ်အရွယ် သမီး​ဖြစ်သူ ကယ်လစ်ကိုလည်း​ ​နောက်​စေ့​ကိုချိန်ပြီး​ ပွိုင့်​ ၃၈ ​ သေနတ်ဖြင့်​ ပစ်သတ်ခဲ့​သည်။

ဇန်နဝါရီလ ၂၇ ရက်​နေ့​က က​လေး​နှစ်ဦး​အား​ သတ်ပစ်ခဲ့​ပြီး​နောက် ​သွေး​အလူး​လူး​ အဝတ်အစား​များ​ဖြင့်​ပြင် သူမသည် တစ်ညလုံး​ ထိုအိမ်တွင် ​နေခဲ့​သည်။ ​ နောက်တစ်​နေ့​ နံနက်တွင် ဂျူလီ၏ မိခင်က သမီး​ဖြစ်သူသည် စိတ်ဖိစီး​မှု ခံစား​နေရသည်ဟု ယုံကြည်​ကြောင်း​၊​ သူမသည် အချိန်း​အချက် ပြုလုပ်ထား​သော်လည်း​ ​ရောက်မလာသဖြင့်​ စိတ်ပူမိ​ ကြောင်း​ ရဲတပ်ဖွဲ့​ထံ အ​ကြောင်း​ကြား​ခဲ့​ရာ ရဲများ​က သူမအိမ်သို့​ လာကြည့်​ချိန်တွင် အ​လောင်း​များ​ကို ​တွေ့​ခဲ့​ခြင်း​ဖြစ်သည်။

ဂျူလီက က​လေး​များ​သည် ဆုံး​မစကား​ နား​မ​ထောင်ဘဲ သူမကိုလည်း​ ပြန်ခံ​ပြော​ကြောင်း​၊​ က​လေး​နှစ်ဦး​လုံး​ကို သူမကိုယ်တိုင် ပစ်သတ်ခဲ့​ကြောင်း​ ရဲများ​ထံ ဝန်ခံခဲ့​သည်။ ရဲတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​ ​လော်ရာမက်အယ်ရွိုင်း​က အဖြစ်အပျက်ကို အ​တော်များ​များ​က မယုံနိုင်ပင် ဖြစ်ခဲ့​ကြောင်း​ ​ပြောဆိုသွား​သည်။ ဂျူလီ၏ အမျိုး​သား​ဖြစ်သူ က​လေး​များ​၏ဖခင် ဗိုလ်မှူး​ကြီး​ ပါကား​ရှာနက်ကာသည် ထိုအချိန်က ကာတာနိုင်ငံသို့​ ​ရောက်ရှိ​နေသည်။ အသက် ၄၈ နှစ်ရှိ ဗိုလ်မှူး​ကြီး​သည် ယင်း​သတင်း​ကို ကြား​သိချိန်တွင် အလွန်​ကြေကွဲခဲ့​ရသည်။

ရဲတပ်ဖွဲ့​က အမျိုး​သမီး​သည် သား​သမီး​များ​အား​ နှုတ်လှန်ထိုး​သည့်​အတွက် ယခုလို ​သေနတ်ဖြင့်​ပစ်ကာ ဆုံး​မခဲ့​သည်ဟု ဝန်ခံထွက်ဆိုသွား​ကြောင်း​ ​ပြောကြား​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here