စင်္ကာပူလူငယ်များ​ ပလပ်စတစ်​ဆာဂျရီနည်း​ဖြင့်​ အလှပြုပြင်မှု ပိုမို​များ​ပြား​လား​

alt

စင်္ကာပူနိုင်ငံ လူငယ်ပိုင်း​တွင် ပလပ်စတစ် ဆာဂျရီနည်း​ဖြင့်​ အလှပြုပြင် ခွဲစိတ်မှု ပိုမိုများ​ပြား​လာ​နေ​ကြောင်း​ သိရသည်။ Sunday Times သတင်း​စာက နာမည်​ကျော် ပလပ်စတစ် ဆာဂျရီ ပညာရှင်ကြီး​ ၉ ဦး​အား​ ဆက်သွယ်​မေး​မြန်း​ခဲ့​ရာ

အသက် ၂၁ နှစ်​အောက် လူငယ်ပိုင်း​များ​တွင် ခွဲစိတ်ခံယူမှု ၃၀ ရာခိုင်နှုန်း​ တိုး​ပွား​လာ​ကြောင်း​ သိရှိလာရသည်။ လွန်ခဲ့​ သော ၁၀ စုနှစ်က လူငယ်ပိုင်း​တွင် နား​ဖောက်ခြင်း​လောက်သာ ပြုလုပ်ခဲ့​သော်လည်း​ ယခုအခါ မျက်ရစ်​ဖော်မှုကဲ့​သို့​ မျက်နှာအ​သေး​စား​ ခွဲစိတ်မှုများ​မှစကာ အကြီး​စား​ ပြင်ဆင်မှုများ​ထိ ပြုလုပ်ခဲ့​သည်။ ထို့​အပြင် လူငယ်များ​က ပလပ်စတစ် ဆာဂျရီ ခွဲစိတ်ခံယူမှုများ​ကို အင်တာနက်မှတဆင့်​ အ​တွေ့​အကြံု မျှ​ဝေမှုများ​ကြောင့်​လည်း​ မျက်ရစ်​ဖော်ခြင်း​ကဲ့​သို့​ လုပ်​ဆောင်ချက်များ​ ပိုမို​ ရေပန်း​စား​ လူကြိုက်များ​လာခဲ့​သည်။

အသက် ၂၄ နှစ်အရွယ် ဟွန်ကွီတင်က သူမ၏ အ​တွေ့​အကြံုကို Blogတွင် ​ရေး​သား​ခဲ့​ရာ ​ဆွေး​နွေး​ခဲ့​သည့်​ Comment​ပေါင်း​ ၃၀၀ ​ကျော်ကို လက်ခံရရှိခဲ့​ သည်။ စင်္ကာပူတွင် ပြီး​ခဲ့​သော ဆယ်စုနှစ်အတွင်း​ ​နေထိုင်ခဲ့​သည့်​ ဘရာဇီး​ ဆရာဝန် တစ်ဦး​ကလည်း​ ၎င်းထံ လာ​ရောက်ခွဲစိတ်သူများ​ထံတွင် အသက် ၁၆ နှစ်အရွယ်များ​ပင် ပါဝင်​နေ​ကြောင်း​ ​ ပြောကြား​ခဲ့​သည်။ အာရှ ကျန်း​မာ​ရေး​ ပါတနာများ​ အဖွဲ့​မှ ​ဒေါက်တာ​ကောလင်း​သမ်က လူငယ်များ​၊​ အလွယ်တကူ ခွဲစိတ်မှု ပြုလုပ်လာခြင်း​ကြောင့်​ မလိုလား​အပ်​သော ​ဘေး​ထွက်ဆိုး​ကျိုး​အချို့​ ကြံုလာနိုင်​ကြောင်း​ သတိ​ပေး​ခဲ့​သည်။

စင်္ကာပူတွင် အသက် ၂၁ နှစ်​အောက် လူငယ်တစ်ဦး​ ခွဲစိတ်မှု ခံယူသည့်​အခါ မိဘတစ်ဦး​ဦး​၏ သ​ဘောတူညီချက် လိုအပ်သည်။ ထို့​ကြောင့်​ လူငယ်ပိုင်း​တွင် ပလပ်စတစ် ဆာဂျရီ ပြုလုပ်​ပေး​ရန် မိဘများ​အား​ ပူဆာမှုသည် ​ယေဘုယျ ကြံု​နေရ​သော ကိစ္စတစ်ခုအသွင်ပင် ​ဆောင်လာ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here