​မောင်မင်း…ပြောကို မ​ပြောချင်​တော့​ဘူး​

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

ချိုး​မရ နှိမ်မရ

“ဒီအချိန်​ရောက်လာရင် ကျွန်​တော့​စိတ်​တွေ ​ဖောက်​ဖောက်လာတယ်” ဆိုတဲ့​

ကွယ်လွန်သူ မင်း​သာကြီး​ဝင်း​ဦး​ရဲ့​ သီချင်း​ကို သတိရ​သေး​တော့​တယ်။ ​မောင်မင်း​လည်း​ ဒီအချိန်​ ရောက်​ရောက်လာရင် ​ပြောချင်ဆိုချင်စိတ်​တွေ ​ဖောက်​ဖောက်လာတယ်။ စာမူခ မက်လှလို့​တော့​ မဟုတ်ဘူး​။ ​နေရာတကာ လူတတ်ကြီး​လုပ်ပြီး​ ဆုံး​မချင်တဲ့​စိတ်က (​ဝေဖန်​ရေး​ဆရာ​တွေ၊​ ဆရာကြီး​စတိုင်လ်နဲ့​ ဆရာ​လေး​တွေထံက​နေ ကူး​စက်လာပုံရတယ်) ချိုး​မရ နှိမ်မရ ​ခေါင်း​ထောင် ထလာတတ်လို့​ပဲ။ ဒါ​ကြောင့်​ မတီး​ဘဲမြည်တဲ့​ စည်အိုကြီး​လို့​သာ သ​ဘောထား​ကြ​ပေ​တော့​…။ ​ မောင်မင်း​…ဒီတစ်ပတ် ​ပြောချင်တာက အိုင်တီ​ခေတ်ကြီး​ အ​ကြောင်း​ပါပဲ..။ တဆက်တည်း​ ​ပြောရဦး​မယ်။ ​မောင်မင်း​မှာ ကွန်ပျူတာ မရှိဘူး​၊​ ဟန်း​ဖုန်း​လည်း​ မရှိပါဘူး​။ ပြီး​တော့​….​မောင်မင်း​က ​ ခြေသလုံး​အိမ်တိုင်ဆို​တော့​ ​ကျောတခင်း​ တအိပ်ရာ​လေး​အတွက် တစ်​နေ့​ ​ငွေ ၅၀၀ ​လောက်​ပေး​ပြီး​ အိပ်​နေရတဲ့​ ဂျစ်ပစီတစ်ဦး​ဆိုလည်း​ မမှား​ပါဘူး​။ ​ဘော်ဒါ​ဘော်ကျွတ်​တွေဖြစ်တဲ့​ ကဗျာဆရာ​ လေး​တွေ၊​ စာ​ရေး​ဆရာ​လေး​တွေ၊​ ပန်း​ချီဆရာ​လေး​တွေ၊​ အွန်လိုင်း​က မိတ်​ဆွေ​လေး​တွေ အတိုင်း​ပါပဲ။ မဖြစ်ညစ်ကျယ်ဘဝမှာ သာယာ​နေမိတာပါ။ ​ငွေ​ကြေး​ချမ်း​သာသူတို့​လို ဟန်း​ဖုန်း​ကိုယ်စီနဲ့​ ပဏာရ​နေတာကို ​ဘေး​က မုဒိတာပွား​နေတာနဲ့​ပဲ ​တော်​တော်ကုသိုလ်ရ​နေပါပြီ။ ဟိုတ​လောက မဂ္ဂဇင်း​တိုက်တစ်တိုက်မှာ စာမူသွား​ပို့​တော့​ အယ်ဒီတာ အဖွဲ့​ဝင်​ကောင်မ​လေး​က ​မောင်မင်း​ထံ ဖုန်း​နံပါတ်​တောင်း​တယ်။ ​မောင်မင်း​ကလည်း​ ​နေစရာမရှိသူဆို​တော့​ ဖုန်း​နံပါတ် မ​ပေး​နိုင်ပဲ ဆက်သွယ်လို့​ရမယ့်​ လိပ်စာ​လေး​ပဲ ​ရေး​ပေး​ခဲ့​တယ်။ ​မောင်မင်း​ဘဝမှာ ဘယ်လိုလုပ် ဖုန်း​နံပါတ်​ပေး​ နိုင်မှာလဲ?။

ကြံဖန်ဂုဏ်ယူရမလိုပဲ..

မောင်မင်း​ပြောရရင် လွန်ရာကျမလား​ပဲ..။ မကြာခင်က ကုလသမဂ္ဂရဲ့​ စစ်တမ်း​ကောက်ယူမှုအရ ကမ္ဘာ​ပေါ်မှာ မိုဘိုင်း​ဖုန်း​ကိုင်​ဆောင်တဲ့​ လူဦး​ရေဟာ သန်း​ ၄၁၀၀ ​ ကျော်ပြီတဲ့​။ အဲ့​ဒါ ITU ​ခေါ်တဲ့​ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်​ရေး​ သမဂ္ဂ သတင်း​ထုတ်ပြန်ထား​တာ၊​ ဒီအတိုင်း​ဆို လူ၆ဦး​မှာ ၄ဦး​ဟာ မိုဘိုင်း​ဖုန်း​ကိုင်​ဆောင်သူ ဖြစ်​နေတာ​ပေါ့​။ ကျန်ကိုင်​ ဆောင်ခွင့်​ မရတဲ့​ ရှား​ပါး​နှစ်​ယောက်ထဲ ​မောင်မင်း​ပါ​နေတာကို ကြံဖန်ဂုဏ်ယူရမလို ဖြစ်​နေပြီ။ ဥ​ရောပတိုက် က​တော့​ ကမ္ဘာ​ပေါ်မှာ မိုဘိုင်း​ဖုန်း​သုံး​စွဲနှုန်း​ အမြင့်​ဆုံး​ပါပဲ။ လူတစ်ရာမှာ (၁၁၁) လုံး​နှုန်း​ ရှိတယ်။ တချို့​က တစ်​ယောက်ထဲ နှစ်လုံး​သုံး​လုံး​ ကိုင်ကြတာကိုး​။ ခက်တာက ​ဘေး​ထွက်ဆိုး​ကျိုး​ပဲ။ (​မောင်မင်း​တို့​ မြန်မာနိုင်ငံမှာ​တော့​ ကျွတ်ကျွတ်အိတ် အန္တရာယ်​လောက်ပဲ ရှိပါတယ်။) မိုဘိုင်း​ဖုန်း​သုံး​တဲ့​သူ​တွေအနက် ၈၀% ပြန်လည်အသုံး​ချနှုန်း​ (Recycling) မသိကြဘူး​။ ဒီအတိုင်း​ စွန့်​ပစ်ကြ​တော့​ သဘာဝပတ်ဝန်း​ကျင်ကို ညစ်နွမ်း​ထိခိုက်​စေတာ​ပေါ့​။ အဲ့​ဒီမိုဘိုင်း​ ဖုန်း​တွေမှာ တစ်ပိုင်း​လျှပ်ကူး​ ပစ္စည်း​ခေါ်တဲ့​ (Semi Conductor) ​တွေပါတယ်။ အဲ့​ဒါ​တွေက အာဆင်း​နစ်အဆိပ်အ​တောက် ဖြစ်​စေတယ်။ ပြီး​တော့​ ခဲဂ​ဟေ​တွေပါတယ်။ မိုဘိုင်း​အခွံ ပလတ်စတစ်​တွေကလည်း​ ​တော်​တော်တဲ့​ မပျက်စီး​နိုင်ဘူး​ (ပလတ်စတစ် ၅၀% ပါဝင်တယ်။) သူတို့​ဆီမှာ​တော့​ ဒီမိုဘိုင်း​ဖုန်း​အ​ဟောင်း​တွေကို သင့်​တော်တဲ့​နေရာမှာ အကျိုး​ရှိရှိ အသုံး​ချဖို့​ ပညာရှင်​တွေ က အား​ထုတ်​နေကြပါတယ်။ တရုတ်ပြည်ကထုတ်တဲ့​ ဖုန်း​တို့​ MP4 MP3 တို့​ဆို ပိုဆိုး​တာ​ပေါ့​။ ပလတ်စတစ် အများ​ဆုံး​သုံး​လို့​လေ..။

ကမ္ဘာ​ပေါ်မှာ…….

မောင်မင်း​ပြောရရင် လွန်ရာကျမလား​ပဲ…ကမ္ဘာ​ပေါ်မှာ မိုဘိုင်း​ဖုန်း​မကိုင်နိုင်တဲ့​သူ နှစ်​ယောက်အနက် တစ်​ယောက်က ငတ်မွတ်​နေတယ်။ အဲ့​တစ်​ယောက်ဟာ ​မောင်မင်း​ဖြစ်​ နေလို့​ ဝမ်း​သာရ​သေး​တယ်။ ဒါကလည်း​ ကုလသမဂ္ဂ ကမ္ဘာ့​စား​နပ်ရိက္ခာအဖွဲ့​ (FAO)က ထုတ်ပြန်တဲ့​ သတင်း​ပါ။ ကမ္ဘာ​ပေါ်မှာ ​မောင်မင်း​လို ငတ်မွတ်​နေတဲ့​ လူဦး​ရေ သန်း​တစ်​ထောင်ရှိတယ်။ မကြာခင်က ကြံုခဲ့​ရတဲ့​ စီး​ပွား​ပျက်ကပ်​ကြောင့်​ ငတ်မွတ်သူဦး​ရေဟာ သန်း​၁ဝဝ​ကျော် တိုး​ပွား​ လာတယ်။ အဲ့​ဒီသူ​တွေ အား​လုံး​ဟာ ဖွံ့​ဖြိုး​ဆဲနိုင်ငံမှာ ​နေထိုင်ကြတဲ့​သူ​တွေချည်း​ပဲ။ အာရှပစိဖိတ်​ ဒေသက လူအများ​ဆုံး​တဲ့​။

စာရင်း​အရ ၆၄၂ သန်း​ကျော်ရှိတယ်။ ကမ္ဘာ​ပေါ်မှာ ဆာ​လောင်မွတ်သိပ်​နေသူ အ​ရေအတွက် ဒီ​လောက်များ​များ​ ​တွေ့​ရတာ သမိုင်း​မှာ ပထမဦး​ဆုံး​ အကြိမ်ပဲတဲ့​။ ဒီသတင်း​ ဖတ်ပြီး​မှပဲ ငါ့​မှာဟိုဟာမရှိ​လေခြင်း​ ဒီဟာမရှိ​လေခြင်း​လို့​ စိတ်ထဲမှာ ကြိတ်ဖြစ်​နေတဲ့​ ပူပင်​သောက​တွေလည်း​ အ​တော်အတန် ငြိမ်း​အေး​သွား​တော့​တယ်။ ကွန်ပျူတာမရှိ​ပေမယ့်​ အင်တာနက်ဆိုင်​တွေ ရှိ​နေတာကလည်း​ ဝမ်း​မြောက်စရာပဲ မဟုတ်ဘူး​လား​ကွယ်။ ​မောင်မင်း​…ဟိုတနင်္ဂ​နွေ​နေ့​က လှိုင်သာယာကိုသွား​တော့​ ​အောက်​ခြေလူတန်း​စား​တွေရဲ့​ ​နေုထိုင်စား​ သောက်​နေတာ​တွေ့​တော့​ စိတ်ပျက်စရာ​ကောင်း​ ​လောက်​အောင် ဖြစ်ခဲ့​ရတယ်။ ငတ်မွတ်​ခေါင်း​ပါး​သူ​တွေ၊​ ​နေ့​စား​အလုပ်သမ​လေး​တွေ၊​ မဖြစ်ညစ်ကျယ်​နေထိုင်​နေတဲ့​ မိသား​စု​တွေ ​တွေ့​လိုက်​ တော့​ ​မောင်မင်း​ပြောရရင် လွန်ရာကျမလား​ပဲ…တိုင်း​ပြည်အုပ်ချုပ်တဲ့​သူက​တော့​ မြန်မာနိုင်ငံ ​နေပြည်​တော်မှာ စမတ်ကျကျ​နေထိုင်​နေတာ သိရ​တော့​ ​မောင်မင်း​မ​ကျေမနပ် ဖြစ်​နေမိတယ်။

အနူနူနဲ့​အတူတူ

​မောင်မင်း​ပြောရင် လွန်ရာကျ​လေမလား​ပဲ။ အခု မြန်မာနိုင်ငံ ​နေပြည်​တော်မှာ သမ္မတ​ရွေး​ပြီး​လို့​ ဖြစ်လာတဲ့​လူက လည်း​ အနူနူနဲ့​ အတူတူပါပဲ။ မြန်မာနိုင်ငံကြီး​ ​ခေတ်မီတိုး​ တက်မှာ မဟုတ်ပါဘူး​။ ဘာ​ကြောင့်​လဲဆို​တော့​ မြန်မာနိုင်ငံက ထွက်တဲ့​ မြန်မာ့​ရတနာ​တွေကို သူတို့​ပဲသိမ်း​နေကြတာမဟုတ်လား​။ ပြည်သူလူထုအတွက် ဘာမှအကျိုး​မပြုပါဘူး​။ ​မောင် မင်း​က​ တော့​ပြောစရာရှိတာ​ပြောရမှာပဲ။ ဒီမိုက​ရေစီနိုင်ငံအစစ်ဆိုတာလည်း​ ဖြစ်လာဦး​မှာမဟုတ်ဘူး​။ ဥပမာ- ​ရွှေတိဂုံဘုရား​ ဆိုပါ​တော့​။ ​ဂေါပကအဖွဲ့​မှာ ဥက္ကဌ၊​ ဒု-ဥက္ကဌရှိသလို ဥက္ကဌ​တွေရဲ့​အထက်မှာ နာယက ဆိုတာရှိတယ်။ အခုလည်း​ သမ္မတ၊​ ဒု-သမ္မတ​တွေရဲ့​အထက်မှာနာယကဆိုတာ ရှိလာပါလိမ့်​မယ်။ ခုကြား​တာက​တော့​ နိုင်ငံဥ​သျှောင်အဖွဲ့​ဆိုလား​။ နာယကဆို တဲ့​နေရာမှာ ဘယ်သူဖြစ်လာမလဲဆိုတာက​တော့​ ​မောင်မင်း​ပြောရရင် လွန်ရာကျ​လေမလား​ပဲ။ဪ…​ မောင်မင်း​ ရုတ်တရက် သတိရမိလိုက်တာက​တော့​ ကဗျာဆရာကို​စော​ဝေရဲ့​““​ဖေ​ဖော်ဝါရီဆယ့်​လေး​”” ဆိုတဲ့​ကဗျာ​လေး​။ ဘာတဲ့​..။

အာရင်ဘတ်က ​ပြောတယ်

နာနာခံစား​တတ်မှ…. ခံစား​မှ… တဲ့​။

ပြည်သူလူထု​တွေက​တော့​ နာနာခံစား​တတ်ဖို့​လိုတာ​ပေါ့​နော်။ ​မောင်မင်း​တို့​က​တော့​ ငတ်မွတ်​နေသူ​တွေဆို​တော့​ မ​ပြောရဲ​တော့​ပါဘူး​။ ​ပြောစရာအား​လည်း​မရှိပါဘူး​။

ရင်နာစရာ​တွေ

​မောင်မင်း​ပြောရရင် လွန်ရာကျမလား​ပဲ။ ​မောင်မင်း​က ပညာတတ်ဘွဲ့​ရ မဟုတ်ပါဘူး​။ ဉာဏ်ပညာ​တော့​ တတ် ကျွမ်း​ပါတယ်။ ​မောင်မင်း​လို မြန်မာစာသာ ​ရေး​ တတ်ဖတ်တတ်လူတစ်​ယောက်အဖို့​ ​ခေတ်​ပေါ်“အ”သုံး​လုံး​ကြေ​အောင် အခက်အခဲ​တွေနဲ့​ သင်ယူ​နေရတာပါ။ ​ကျောတစ်ခင်း​စာအိပ်ရာ​လေး​ကို တစ်​နေ့​ ၅၀၀ ကျပ်​ပေး​အိပ်ရင်း​ ​ခြေသလုံး​ အိမ်တိုင် ဘဝနဲ့​ ဂျစ်ပစီ​နေ့​ရက်​တွေကို ဖြတ်သန်း​ရင်း​ အင်တာနက်မှာ အွန်လိုင်း​သုံး​ကာ ​မောင်မင်း​ပြောစရာရှိတာ​တွေကို​ပြောရမှာပဲ။ ​မောင်မင်း​တို့​ မြန်မာနိုင်ငံ ​နေပြည်​တော်မှာ ​ခေတ်မှီတိုး​ တက်တဲ့​မြို့​တော်အဖြစ်တည်​ဆောက်​နေ​တော့​ အမြင်မ​တော်တဲ့​ အနှိပ်ခန်း​တွေ ဖွင့်​သူကဖွင့်​လို့​။ ပြီး​တော့​ သဘာဝ ပတ်ဝန်း​ကျင်ထိန်း​သိမ်း​ဖို့​ထက် သဘာဝပတ်ဝန်း​ကျင် ဖျက်ဆီး​နေသူက ဖျက်ဆီး​နေတယ်။ အဲဒါ​တွေဟာ ဘယ်သူ​တွေပါလဲ။ သစ်တစ်ပင်ခုတ် ​ထောင်သုံး​လ(သို့​မဟုတ်)​ထောင် သုံး​နှစ် ဆိုတဲ့​ ဆိုင်း​ဘုတ်ကြီး​တွေချိတ်ပြီး​ အဲဒီဆိုင်း​ဘုတ်ချိတ်တဲ့​သူ​တွေကပဲ သစ်ပင်​တွေ ခုတ်လှဲ​နေတာမဟုတ်လား​။ စာ​ပေအနုပညာသမား​တွေက​တော့​ သစ်ပင်​တွေလိုက်စိုက်လို့​။ လိုက်စိ်ုက်တာကို လိုက်တား​ဆီး​တဲ့​သူက ဘယ်သူ​တွေလဲ။ ဘယ်​နေရာသစ်ပင်စိုက်၊​ ဘယ်​ နေရာသစ်ပင်မစိုက်ရဆိုတဲ့​ ဥပ​ဒေကလည်း​ရှိ​သေး​။ ကျုး​ကျော်ဝင်​ရောက်ရင် အ​ရေး​ယူခံရ မယ်တဲ့​။ ​မောင်မင်း​… ပြီး​ခဲ့​တဲ့​ ၂၀၁၀ ခုနှစ်က တာချီလိတ်ဖက်ခရီး​ထွက်ရင်း​ မိုင်း​ပြင်း​တောင်​ ပေါ်မှာမြင်​တွေ့​ခဲ့​ရတဲ့​ မြင်ကွင်း​ က ရင်နာစရာ​တွေ။ သစ်ပင်မခုတ်ရ၊​ ထင်း​မ​ခွေရ၊​ မီး​မရှို့ရ ဆိုင်း​ဘုတ်​တွေ​အောက်မှာ သစ်ပင်ခုတ်လှဲ​နေကြတာ ​တွေ့​ခဲ့​ရ တယ်။

သနား​သလား​တော့​မသိဘူး​

မောင်မင်း​ပြောရရင် လွန်ရာကျမလား​ပဲ။ ဒီက​နေ့​ ဂလိုဘယ် အသုံး​လုံး​ကြေတဲ့​လူငယ်​တွေ ဝတ်စား​ဆင်ယင်ပုံ၊​ ​နေထိုင်စား​သောက်ပုံ၊​ ​တွေး​ခေါ်ကြံဆပုံ စသဖြင့်​ လူငယ်များ​ ရဲ့​အ​နေအထိုင်​တွေနဲ့​ လူကြီး​တွေ​နေခဲ့​ထိုင်ခဲ့​ပြုမူခဲ့​တာ​တွေနဲ့​ မတူတဲ့​ကွာဟမှု​တွေကကြီး​လိုက်တာ လို့​ မ​အောင့်​တည်း​နိုင်တဲ့​အခါ ​မောင်မင်း​ပြောဆို ညည်း​ညူမိတယ်။ ဒီလို​ပြောမိတယ် ဆို​ပေမယ့်​ ဒါအဆန်း​မဟုတ်ပါဘူး​။ ​ခေတ်ချင်း​ ကွာဟမှုရှိ​နေတာကိုး​။ ​ခေတ်လူငယ်နဲ့​ လူကြီး​တွေဟာ ကွာဟရမှာ​ပေါ့​။ ​မောင်မင်း​ အဲဒါ​တွေအပြစ်​ပြောလို့​လည်း​မရပါဘူး​။ ပြုပြင်ချင်တယ်ဆိုလို့​လည်း​ မဖြစ်ဘူး​လေ​နော့​။ ​မောင်မင်း​ပြောရရင် လွန်ရာကျမလား​ပဲ။ ​ယောကျာ်း​လေး​နဲ့​ မိန်း​က​လေး​မထူး​ဇာတ်ခင်း​ပြီး​ လူမြင်ကွင်း​တွေမှာ အပြာကား​ဆန်ဆန်​နေထိုင်​နေကြ တယ်။ ““ဒါ.. ကျွန်​ တော်တို့​ခေတ်ပဲ ကိုမင်း​ရဲ့​”” လို့​ ​မောင်မင်း​ကို လူငယ်တစ်​ယောက်က​ပြောပါတယ်။ ​မောင်မင်း​ဟာ ​ခေတ်​ရေစီး​ကြောင်း​ကြီး​ကို ဘဝင်မကျဖြစ်​နေတဲ့​ ဘိုး​တော်ကြီး​တစ်​ယောက်ဆိုပြီး​ အဲဒီလူငယ်က သနား​နေပုံရပါတယ်။ ​မောင်မင်း​တို့​ ဆယ်​ကျော်သက်လူငယ်ဘဝကတည်း​က လူကြီး​တွေက အ​နေအထိုင်​တွေအ​ပေါ်မှာ ဒီလိုပဲ ဘဝင်မကျတာ ​တွေ မကြိုက်မနှစ်သက်တာ​ တွေရှိခဲ့​တာပဲ။ ရှိခဲ့​လို့​လည်း​ ​မောင်မင်း​တို့​ကို ​ဝေဖန်လို့​တစ်မျိူး​၊​ အကျိုး​သင့်​အ​ကြောင်း​သင့်​ ရှင်း​ပြလို့​တစ်မျိုး​ လုပ်ကြတာကို ​မောင်မင်း​တိ်ု့​ ခံခဲ့​ရတာပဲ။ ဒါဟာ ​ခေတ်ကာလ ကွာဟမှု​ကြောင့်​ ဖြစ်ရတယ်လို့​ ​မောင်မင်း​ လက်ခံပါတယ်။ ​မောင်မင်း​ပြောကိုမ​ပြော​တော့​ပါဘူး​။

​မောင်မင်း​ပြောကိုမ​ပြောချင်ဘူး​

​မောင်မင်း​ပြောရရင် လွန်ရာကျမလား​ပဲ။ ဒီ​နေ့​ မြန်မာနိုင်ငံမှာ ​ရွေး​ကောက်ပွဲလုပ်စဉ်က မဲဆန္ဒနယ်​မြေ​တွေမှာ မဲ​တွေခိုး​ကြ၊​ ခြိမ်း​ခြောက်ပြီး​အတင်း​မဲထည့်​ခိုင်း​ကြ၊​ ​သေဆုံး​သူ​ ရော က​လေး​တွေပါမကျန် စာရင်း​လိုက်ပြုစုပြီး​ လိမ်ညာမဲ ​တွေနဲ့​ အနိုင်ရသွား​တဲ့​ ပြည်သူ့​အချစ်​တော် ကြံ့​ဖွတ်ပါတီကပဲ ​နေရာအကုန်ယူသွား​တော့​ ​မောင်မင်း​ ​ပြောကိုမ​ပြောချင် ​တော့​ဘူး​။ အစီအစဉ်တကျ သမ္မတမြန်မာနိုင်ငံ​တော်ကြီး​ရဲ့​ သမ္မတအထက်မှာ နာယကဆရာကြီး​လည်း​ ရှိလာပါပြီ။ ကြား​ဖူး​ ကြသလား​။ ဘယ်မှာကြား​ဖူး​ကြသလဲ။ မကြား​ဖူး​သေး​ဘူး​ဆိုရင်​တော့​ ​ မောင်မင်း​ပြောကိုမ​ပြောချင်​တော့​ဘူး​။ ။

ပြောရလွန်း​အား​ကြီး​လို့​ညောင်း​သွား​ပြီ…. ​မောင်မင်း​ရဲ့​လက်က​လေး​လေ…..။

မောင်မင်း​

LEAVE A REPLY

Please enter your comment!
Please enter your name here