ဇနီး​ဖြစ်သူကို ၁၆ နှစ်ကြာ ဖမ်း​ဆီး​ထား​သူအား​ ဘရာဇီး​ရဲတပ်ဖွဲ့​ဖမ်း​ဆီး​

alt

ဘရာဇီး​နိုင်ငံတွင် ဇနီး​ဖြစ်သူအား​ ၁၆ နှစ်လုံး​လုံး​ ချုပ်​နှောင်ဖမ်း​ဆီး​ထား​သူ တစ်ဦး​ကို ရဲများ​က ဖမ်း​ဆီး​ထား​လိုက်​ကြောင်း​ သိရသည်။ အသက် ၆၄ နှစ်အရွယ် ဆီဘက်စတီဝါနာ အပရီဆီဒါ ဂ​ရော့​ပိုအား​

​ဆော်​ပေါ်လိုမြို့​၊​ ဆိုရိုကာဘာရှိ ​နေအိမ်​မြေ​အောက်ခန်း​မှ ရဲများ​က ကယ်တင်နိုင်ခဲ့​သည်။ ထို့​နောက် သူမ၏ ခင်ပွန်း​ဖြစ်သူ အသက် ၆၄ နှစ်ရှိ ဂျိုအိုဘက်တစ်စတာ ဂ​ရော့​ပိုအား​ ရဲများ​က ထိန်း​သိမ်း​ထား​လိုက်သည်။ ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်အတွင်း​က သနား​စရာ အမျိုး​သမီး​ကို ​တွေ့​ရှိချိန်တွင် သူမသည် အဝတ်အစား​ပင် မရှိဘဲ ​ စောင်တစ်ထည်ကိုသာ ပတ်ထား​ရ​ကြောင်း​ ရဲတပ်ဖွဲ့​မှ စုံ​ထောက်အရာရှိ အင်နာလူး​ဝစ် ဆယ်လိုမွန်က ​ပြောကြား​သွား​သည်။

ဂ​ရော့​ပိုသည် ဇနီး​အား​ ကာလရှည်ကြာစွာ ချုပ်​နှောင်ထား​မှု နှစ်ကြိမ်လုပ်ခဲ့​ပြီး​ စုစု​ပေါင်း​ ၁၆ နှစ်မျှ ကြာမြင့်​ကြောင်း​၊​ ယခုဖမ်း​ဆီး​ချုပ်​နှောင်ထား​မှုသည် ၂၀၀၃ ခုနှစ်ကတည်း​ကဖြစ်​ကြောင်း​ ဆယ်လိုမွန်က ရှင်း​ပြခဲ့​သည်။ ရဲများ​က အမျိုး​သမီး​တွင် စိတ်​ ဝေဒနာ အရိပ်အ​ရောင်များ​ ​တွေ့​ရှိရပြီး​ ယင်း​တို့​မှာ ရက်ရက်စက်စက် ဖိနှိပ်ခံထား​ရခြင်း​ကြောင့်​ ဖြစ်​ပေါ်လာသည်ဟု ယူဆရ​ကြောင်း​ ​ပြောဆိုခဲ့​သည်။ သို့​သော်လည်း​ ရုပ်ပိုင်း​ဆိုင်ရာအရ ဆိုး​ ဆိုး​ရွား​ရွား​ ကျန်း​မာ​ရေး​ ​ဖောက်ပြန်မှုမျိုး​ မရှိ​ကြောင်း​လည်း​ ရဲတပ်ဖွဲ့​က ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here