ဗြိတိန်​အမျိုး​သမီး​များ​၏ ရင်သား​အရွယ်​ပမာဏ​စစ်တမ်း​

alt

ဗြိတိန်နိုင်ငံမှ အမျိုး​သမီး​များ​တွင် အက်ဆက်​ဒေသမှ အမျိုး​သမီး​များ​သည် ​ယေဘုယျအား​ဖြင့်​ ရင်သား​​အရွယ်ပမာဏ အကြီး​မား​ဆုံး​ဟု သိရှိရသည်။ ယင်း​ဒေသတွင် အမျိုး​ သမီး​ ၁၀ ဦး​ ဘရာစီယာ ဝယ်ယူတိုင်း​

၃ ဦး​သည် ကြီး​မား​သော J နှင့်​ K အရွယ်များ​ကို ဝယ်ယူ​နေ​ကြောင်း​ စစ်တမ်း​တစ်ခုက ​ဖော်ပြထား​သည်။ ဖက်ရှင်​ကျွမ်း​ကျင်သူများ​က အက်ဆက်အမျိုး​ သမီး​ အများ​စုသည် ရင်သား​ကြီး​ထွား​အောင် ခွဲစိတ်မှုကို နှစ်သက်သ​ဘောကျတတ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အက်ဆက်ရှိ Reality TV စတား​ ချန်တယ်လီ​ဟောက်တန်၊​ ဂျိုဒီမက်ရှ်နှင့်​ အမ်မီချိုင်း​တို့​သည်လည်း​ ရင်သား​ကြီး​ထွား​စေရန် ခွဲစိတ်မှု ခံယူခဲ့​ဖူး​သည်။

Debenhams မှ ​ကောက်ခံ​သော စစ်တမ်း​တစ်ခုက ဂလက်စဂို၊​ လိဒန်၊​ မန်ချက်စတာ၊​ ဘာမင်ဂမ်စ​သော မြို့​ကြီး​များ​ တွင်ရှိသည့်​ J နှင့်​K အရွယ်အစား​ ရင်သား​ပိုင်ရှင် အမျိုး​သမီး​များ​သည် အက်ဆက်​လောက် မများ​ကြောင်း​ ​ဖော်ပြလျက်ရှိသည်။ ထိပ်ဆုံး​ဒေသ ၁၀ ခုစာရင်း​တွင် အက်ဆက်-ပရက်စတန်နှင့်​ နယူး​ကာဆယ်တို့​ရှိ လိတ်ခ်ဆိုက်၊​ ဘာဆီဒွန်နှင့်​ ရွမ်ဖို့​တို့​က ထိပ်ဆုံး​ ၃ ​နေရာတွင် ရပ်တည်​နေသည်။

Debenhams မှ ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​က မိမိတို့​ထုတ်ကုန် ဘရာစီယာဆိုက်ကြီး​များ​ ​ရောင်း​ချရမှုသည် နယ်​မြေအလိုက် ပမာဏ သိသိသာသာ ကွဲပြား​ကြောင်း​၊​ အင်္ဂလန် ​မြောက်ပိုင်း​နှင့်​ ​တောင်ပိုင်း​တို့​တွင် ဘရာစီယာ အရွယ်ကြီး​ကြီး​များ​ ပို​ရောင်း​ရ​လေ့​ရှိပြီး​ အလယ်ပိုင်း​ ဒေသတွင် ဝယ်လိုအား​နည်း​ကြောင်း​ ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here