Facebook ထူ​ထောင်သူ မတ်ဇက်ကာဘက်နှင့်​ မင်း​သား​​ဂျက်ဆီအီ​ဆန်ဘက်တို့​ ​တွေ့​ဆုံ

alt

Facebook ဝက်ဆိုက် ထူ​ထောင်သူ မတ်ဇက်ကာဘက်​နှင့်​ ၎င်း​​နေရာတွင် သရုပ်​ဆောင်ခဲ့​သည့်​ မင်း​သား​ ဂျက်ဆီအီဆန်ဘက်တို့​ ​တွေ့​ဆုံ​ခဲ့​ကြောင်း​ သိရသည်။

Saturday Night Live အစီအစဉ်တွင် Facebook အ​ကြောင်း​ သရုပ်​ဖော် ရိုက်ကူး​ခဲ့​သည့်​ The Social Network ဇာတ်ကား​အတွင်း​ ဇက်ကာဘက်အဖြစ် သရုပ်​ဆောင်ခဲ့​သည့်​ မင်း​သား​နှင့်​ ဇက်ကာဘက် အစစ်တို့​ မိတ်ဖြစ်​ဆွေဖြစ် ​တွေ့​ဆုံခဲ့​ခြင်း​ဖြစ်သည်။ ယခင်က ၎င်းတို့​နှစ်ဦး​ ​တွေ့​ဆုံဖူး​ခြင်း​ မရှိ​သေး​သော်လည်း​ ယခုလို ​တွေ့​ဆုံရသည့်​အတွက် ​ကျေနပ်​ပျော်ရွှင်​ကြောင်း​ နာမည်​ကျော် နှစ်ဦး​ ကဆိုသည်။

ကမ္ဘာ​ပေါ်တွင် အ​အောင်မြင်ဆုံး​ Social Networking ဝက်ဆိုက်ကြီး​ဖြစ်သည့်​ Facebook ကို စွန့်​ဦး​ထူ​ထောင်ခဲ့​သည့်​ ဇက်ကာဘက်အဖြစ် ပိုင်နိုင်စွာ သရုပ်​ဆောင်ခဲ့​သော အီဆန်ဘက်သည် ထိုဇာတ်ကား​အတွက် ​အော်စကာဆု ဆန်ခါတင်စာရင်း​တွင်ပင် ထည့်​သွင်း​ရွေး​ချယ် ခံထား​ရသည်။

အီဆန်ဘက်က The Social Network ဇာတ်ကား​နှင့်​ ပတ်သက်ပြီး​ ဇက်ကာဘက်၏ အမြင်ကို ​မေး​မြန်း​ခဲ့​ရာ အသက် ၂၆ နှစ်ရှိ ဇက်ကာဘက်က အချက်အလက်အချို့​ လွဲ​ချော်​နေ​ကြောင်း​၊​ သို့​သော်လည်း​ ဇာတ်ကား​မှာ စိတ်ဝင်စား​စရာ​ကောင်း​ကြောင်း​ မှတ်ချက်ပြုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here