ကိုယ်ဝန်​ဆောင်​အမျိုး​သမီး​များ​ လိင်​ဆက်ဆံပါက သ​န္ဓေသား​ကို ထိခိုက်​နိုင်မှု အ​ထောက်အထား​​မ​တွေ့​​ဟုဆို

alt

ကိုယ်ဝန်​ဆောင် အမျိုး​သမီး​များ​ လိင်ဆက်ဆံပါက သ​န္ဓေသား​ကို ထိခိုက်နိုင်သည်ဆို​သော ​ကောက်ချက်နှင့်​ ပတ်သက်၍ တိတိကျကျ သက်​သေအ​ထောက်အထား​မျိုး​ မ​တွေ့​ ရ​ကြောင်း​ သု​တေသီများ​က ​ပြောကြား​ခဲ့​သည်။

ကိုယ်ဝန်​ဆောင်များ​ ပုံမှန်​လိင်​ဆက်ဆံခြင်း​ကြောင့်​ လမ​စေ့​ဘဲ က​လေး​မွေး​ခြင်း​ အပါအဝင် အခြား​သော ဆိုး​ကျိုး​များ​ သက်​ရောက်နိုင်သည်ဟု လူအများ​က ယုံကြည်​နေ​သော်လည်း​ ယင်း​နှင့်​ပတ်သက်၍ မှန်ကန်တိကျ​သော သက်​သေမျိုး​ မရှိ​ကြောင်း​ အ​မေရိကန်နှင့်​ က​နေဒါတွင် ပြုလုပ်သည့်​ သု​တေသန ရလဒ်များ​က ညွှန်ပြ​နေခဲ့​သည်။

ပညာရှင်များ​က ကိုယ်ဝန်​​ဆောင်ချိန်တွင် လိင်​ဆက်ဆံခြင်း​သည် သာမန်​အချိန်တွင် ဆက်ဆံခြင်း​နှင့်​ အတူတူပင်ဖြစ်​ကြောင်း​ ယုံကြည်​နေကြသည်။ ကိုယ်ဝန်​ဆောင် အမျိုး​သမီး​ ၁၁၀၀၀ ​ ကျော်တို့​၏ လိင်မှုဘဝကို ​လေ့​လာခဲ့​ပြီး​နောက် ကိုယ်ဝန်​ဆောင်ချိန်တွင် လိင်​ဆက်ဆံခြင်း​ဖြင့်​ ထူး​ထူး​ခြား​ခြား​ ဆိုး​ကျိုး​သက်​ရောက်မှု မရှိနိုင်​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိလာခဲ့​သည်။ ထို့​အပြင် လမ​စေ့​ဘဲ က​လေး​တစ်ကြိမ် ​မွေး​ဖူး​သည့်​ အမျိုး​သမီး​တစ်ဦး​ ကိုယ်ဝန်​ဆောင်ပြီး​ ပုံမှန်လိင်ဆက်ဆံမှုသည်လည်း​ မည်သို့​မျှ အန္တရာယ် ပိုများ​လာခြင်း​ မရှိဟုဆိုသည်။

နယူး​ယောက်ရှိ ​မောင့်​ ဆင်နိုင်း​ဆေး​ရုံ၊​ မီး​ယပ်နှင့်​သား​ဖွား​ ဌာနမှ ​ဒေါက်တာ ကလဲယာဂျံုး​က ကိုယ်ဝန်​ဆောင်ချိန်တွင် လိင်ဆက်ဆံခြင်း​ကို သမား​ရိုး​ကျ အ​ခြေအ​နေ တစ်ရပ်အဖြစ်ပင် မှတ်ယူနိုင်​ကြောင်း​၊​ ထို့​အပြင် ကိုယ်ဝန်​ဆောင် အမျိုး​သမီး​အတွက် သက်​သောင့်​သက်သာဖြစ်ခြင်း​နှင့်​ စိတ်ပိုင်း​ဆိုင်ရာ ​ကျေနပ်နှစ်သိမ့်​ခြင်း​တို့​ကိုလည်း​ ခံစား​ရရှိ​စေနိုင်​ကြောင်း​ အကြံပြု ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here