အာဖရိကမှ ​ရှေး​လူသား​များ​ အ​ရှေ့​​အလယ်ပိုင်း​သို့​ ခန့်​မှန်း​​ထား​သည်ထက် ​စောပြီး​​ရောက်ရှိခဲ့​ကြောင်း​ ​တွေ့​ရှိရ

alt

အာဖရိက​တိုက်မှ ​ရှေး​ဦး​​လူသား​များ​ အ​ရှေ့​အလယ်ပိုင်း​​သို့​ မူလက ခန့်​မှန်း​​ထား​သည်ထက်​စောပြီး​ ​ရောက်ရှိခဲ့​ကြောင်း​ အသစ်တူး​ဖော်​တွေ့​ရှိသည့်​ ကမ္ဘာဦး​ လူ့​အသုံး​အ​ ဆောင်များ​က သက်​သေ​ပြ​နေ​ကြောင်း​ ပညာရှင်များ​က ​ပြောကြား​​​ခဲ့​သည်။

အာ​ရေး​ဘီး​ယား​ ​ရေလက်ကြား​ကို ဖြတ်​ကျော်ပြီး​ လူသား​များ​ အာရှတိုက်သို့​ စတင်​ခြေချချိန်သည် မူလ ခန့်​မှန်း​ ထား​သည်ထက် နှစ်​ပေါင်း​ ၆၅၀၀၀ မျှှပို​စောခဲ့​ကြောင်း​ အာရပ်​စော်ဘွား​များ​ ပြည်​ထောင်စု (UAE) နိုင်ငံတွင် ​တွေ့​ရှိခဲ့​သည့်​ ​ကျောက်လက်နက်များ​ကို ကြည့်​ရှုကာ ​ကောက်ချက်ဆွဲနိုင်မည်ဟု လန်ဒန်တက္ကသိုလ်မှ ​ဒေါက်တာဆီမွန် အာမီတိတ်က ​ပြောကြား​ခဲ့​သည်။ မူလက အာဖရိကမှ လူသား​မျိုး​နွယ်များ​ အ​ရှေ့​အလယ်ပိုင်း​သို့​ ဝင်​ရောက်လာမှုသည် လွန်ခဲ့​သော နှစ်​ပေါင်း​ ၆၀၀၀၀ ဝန်း​ကျင်ကဟု ယူဆခဲ့​သော်လည်း​ ယခု​တွေ့​ရှိ​သော ​ကျောက်လက်နက်များ​၏ နှစ်​ပေါင်း​ ၁၂၅၀၀၀ မျှ သက်တမ်း​ရှိ​နေပြီဖြစ်သည်။

အာဖရိကတိုက်သည် လူသား​မျိုး​နွယ်များ​ ကမ္ဘာအနှံ့​ စတင်ပျံ့​နှံ့​ရာတွင် မြစ်ဖျား​ခံရာ ​ဒေသဟု ယူဆထား​ပြီး​ အာဖရိက အ​ရှေ့​ပိုင်း​ရှိ အာ​ရေး​ဘီး​ယား​ ​ရေလက်ကြား​သည် အာရှတိုက်တွင် လူသား​များ​ စတင်အ​ခြေချရန် ဖြတ်သန်း​ခဲ့​သည့်​ အဓိက ခရီး​လမ်း​ကြောင်း​အဖြစ် သု​တေသီများ​က မှတ်ယူထား​သည်။

UAE တွင် ​တွေ့​ရှိခဲ့​သည့်​ ​ကျောက်လက်နက်များ​သည် အာဖရိက အ​ရှေ့​ပိုင်း​ဒေသများ​တွင် ​နေထိုင်ခဲ့​သည့်​ ​ရှေး​ဦး​လူသား​များ​ သုံး​ စွဲခဲ့​သည့်​ နည်း​ပညာများ​ကိုပင် အ​ခြေခံ တည်​ဆောက်ထား​ခြင်း​ဖြစ်ရာ ယင်း​တို့​သည် အာ​ရေး​ဘီး​ယား​ ​ရေလက်ကြား​ကို ဖြတ်​ကျော်ခဲ့​ကြောင်း​ ပိုမိုခိုင်လုံလာ​စေခဲ့​သည်ဟု ​ ဒေါက်တာအာမီတိတ်က မှတ်ချက်ပြု ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here