လူသတ်မှု​တရား​ခံအား​ အ​မေရိကန်​​နိုင်ငံ​သား​​အား​ လွှဲ​ပြောင်း​​​မ​ပေး​ရန် ပါကစ္စတန်​​တရား​ရုံး​ တား​​ဝရမ်း​​ထုတ်

alt

ပါကစ္စတန် တရား​ရုံး​ တစ်ခုက လူသတ်မှု​ဖြင့်​ ဖမ်း​ဆီး​​ထား​သော အ​မေရိကန် နိုင်ငံသား​ တစ်ဦး​ကို အ​မေရိကန်​သို့​ ပြန်မ​ပို့​ရန် တား​ဝရမ်း​ ထုတ်ပြန်​လိုက်သည်။

လာဟိုး​ အထက်တန်း​ တရား​ရုံး​မှ တရား​သူကြီး​ချုပ် အိုင်ဂျက်​ချောက်ဟရီက အစိုး​ရအား​ လက်ရှိ​ဖမ်း​ဆီး​ထား​သူ ​ရေမွန်​အလန် ​ဒေး​ဗီး​ကို အ​မေရိကန် ပြန်ခွင့်​​မ​ပေး​ရန် အမိန့်​ထုတ်​လိုက်သည်။ အ​ မေရိကန် အစိုး​ရသည် အ​မေရိကန် သံရုံး​မှ​တဆင့်​ အသက် ၃၆ နှစ်အရွယ် ​ဒေး​ဗီး​​လွတ်​မြောက်​ရေး​​အတွက် ကြိုး​ပမ်း​​နေ​သော်လည်း​ ယခုတိုင် အဆင်မ​ပြေ​သေး​ချေ။ ​

ဒေး​ဗီး​သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က လာဟိုး​တွင် ပါကစ္စတန် နိုင်ငံသား​ နှစ်ဦး​အား​ ပစ်သတ်ခဲ့​သည်။ ၎င်းက ယင်း​ကိစ္စသည် မိမိကိုယ်ကိုယ် ခုခံ​ကာကွယ်ခြင်း​​သာ​ဖြစ်​ကြောင်း​ ​ပြောဆို​ခဲ့​သော်လည်း​ ယခုအခါ ထိန်း​သိမ်း​​ခံထား​ရသည်။ အ​မေရိကန် သံရုံး​ကလည်း​ အစိုး​ရ အမှုထမ်း​ တစ်ဦး​ ဖြစ်​သော ​ဒေး​ဗီး​သည် ၎င်းအား​ ​သေနတ်ဖြင့်​ထောက်၍ ဓား​ပြ​တိုက်သူများ​ကို တုန့်​ပြန်ခဲ့​ခြင်း​​သာ​ဖြစ်​ကြောင်း​ အ​ရေး​ ဆိုထား​သည်။ မဟာမိတ် နိုင်ငံနှစ်ခုဖြစ်​သော ပါကစ္စတန်နှင့်​ အ​မေရိကန်တို့​သည် ယခုကိစ္စ​ကြောင့်​ ဆက်ဆံ​ရေး​ ပျက်ပြား​လာနိုင်သဖြင့်​ အ​ခြေအ​နေကို ထိန်း​ထိန်း​သိမ်း​သိမ်း​ ကိုင်တွယ်​ နေကြသည်။

အ​မေရိကန်၏ ​ထောက်ပံ့​ကြေး​ ​ဒေါ်လာ ဘီလျံနှင့်​ချီ ရယူထား​သည့်​တိုင် အ​မေရိကန် ဆန့်​ကျင်​ရေး​ စိတ်ဓာတ်များ​ ပြင်း​ပြလာသည့်​ မွတ်ဆလင် နိုင်ငံတွင် ​ဒေး​ဗီး​အား​ ဆက်လက်​ဖမ်း​ဆီး​ထား​စေလိုသူ အ​ရေအတွက် အ​မြောက်​အမြား​ ရှိ​နေသည်။ ပန်ဂျပ်​​ဒေသ အာဏာပိုင်များ​က ယခုကိစ္စကို ​ဒေသဆိုင်ရာ တာဝန်ရှိသူများ​က ဆုံး​ဖြတ်မည် မဟုတ်ဘဲ ဗဟိုအစိုး​ ရကသာ ကိုင်တွယ်စီမံသွား​မည်ဟု ​ပြောကြား​ထား​သည်။ ​ဒေး​ဗီး​သည် သံဝန်ထမ်း​ တစ်ဦး​ဖြစ်ပြီး​ သံရုံး​​၏ နည်း​ပညာနှင့်​ စီမံခန့်​ခွဲမှု​ဆိုင်ရာ​ဌာနတွင် အလုပ်လုပ်​နေသူဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here