ဂျပန်တွင် မီး​တောင်​​ပေါက်ကွဲသည့်​ အရှိန်​ကြောင့်​ ​နေအိမ်​ပြူတင်း​ပေါက်​မှန်များ​ ကွဲ​ကြေ

alt

ဂျပန်​နိုင်ငံ​တွင် မီး​တောင်​တစ်ခု ​ပေါက်ကွဲသည့်​ အရှိန်အဟုန်​ကြောင့်​ ​နေအိမ်​အ​ဆောက်အအုံများ​တွင် ပြူတင်း​ပေါက်မှန်များ​ ကွဲ​ကြေသည်အထိ ဖြစ်ကုန်​ကြောင်း​ သိရသည်။

နိုင်ငံ အ​နောက်​တောင်ပိုင်း​ရှိ ရှင်မိုဒါကာမီး​တောင် ​ပေါက်ကွဲပြီး​ ပြာပူများ​ မှုတ်ထုတ်ခဲ့​ရာ အမြင့်​မီတာ ၂၀၀၀ ​ကျော်ထိ ​ရောက်ရှိခဲ့​ကြောင်း​ မီး​တောင်ကျွမ်း​ကျင်သူများ​ကဆိုသည်။ ယင်း​မီး​ တောင်သည် ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်ကတည်း​က စတင်လှုပ်ရှား​ ​ပေါက်ကွဲ​နေခဲ့​ခြင်း​ဖြစ်ပြီး​ ဇန်နဝါရီလ ၃၁ ရက်​နေ့​က ​နောက်ဆုံး​တစ်ကြိမ် ​ပေါက်ကွဲထား​သည်။

ကီရီရှီမာ ​တောင်တန်း​ရှိ ရှင်မိုဒါကာမီး​တောင် ​ပေါက်ကွဲရာမှ ​ဆေး​ရုံမှန်စများ​ ကွဲအက်လွင့်​စင်လာမှု​ကြောင့်​ အသက် ၉၂ နှစ်အရွယ် အဖွား​အိုတစ်ဦး​ မျက်နှာနှင့်​ လက်များ​တွင် ဒဏ်ရာရခဲ့​သေး​သည်။ ကီရီရှီမာမြို့​တွင်ရှိ​ သော အခြား​အ​ဆောက်အအုံများ​မှ ပြူတင်း​ပေါက်မှန် အနည်း​ဆုံး​ အချပ် ၂၀၀ မျှလည်း​ ​နောက်ဆုံး​ပေါက်ကွဲသည့်​ အချိန်တွင် ကွဲ​ကြေကုန်​ကြောင်း​ သိရသည်။ မီး​တောင်ကျွမ်း​ကျင်သူများ​က မီး​ တောင်ထိပ်ဝမှ ၄ ကီလိုမီတာမျှ ပတ်ဝန်း​ကျင် ​နေရာများ​တွင် ​ကျောက်စ​ကျောက်နများ​ ပျံသန်း​လွင့်​စင် ထိမှန်နိုင်​ခြေ အန္တရာယ်ရှိ​ကြောင်း​ သတိ​ပေး​ထား​သည်။ အနီး​ရှိ တာကာဟာရူ မြို့​မှ လူ​ ပေါင်း​ ၆၀၀ ​ကျော်မှာ ​ဘေး​လွတ်ရာ ​ရွှေ့​ပြောင်း​သွား​ပြီဖြစ်သည်။

မီး​တောင်သည် ဆက်လက်လှုပ်ရှား​နေပြီး​ ၅၂ နှစ်အတွင်း​ ပထမဆုံး​အကြိမ် ကြီး​ကြီး​မား​မား​ ​ပေါက်ကွဲခြင်း​ဖြစ်သည်။ အ​ဝေး​ မှပင် မီး​ခိုး​လုံး​ကြီး​များ​ ​ကောင်း​ကင်သို့​ ထိုး​တက်​နေသည်ကို ​တွေ့​မြင်နိုင်ပြီး​ အနီး​ပတ်ဝန်း​ကျင် ​ဒေသများ​တွင် မီး​ရထား​နှင့်​ ​လေ​ကြောင်း​ခရီး​စဉ်များ​ကို ရပ်ဆိုင်ထား​ခဲ့​သည်။ ပြီး​ခဲ့​သည့်​နှစ်က ဥ​ ရောပတိုက်​မြောက်ပိုင်း​ရှိ အိုက်စလန် နိုင်ငံတွင် အီဂျာဖီဂျိုအယ်မီး​တောင် ​ပေါက်ကွဲမှု ဖြစ်ပွား​ခဲ့​စဉ်ကလည်း​ ​လေယာဉ်ခရီး​စဉ် တစ်သိန်း​ကျော်ကို ​ရွှေ့​ဆိုင်း​ခဲ့​ရဖူး​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here