Apple iPad အ​ရောင်း​ကျဆင်း​လာ

alt

Tablet ကွန်ပျူတာ ​ဈေး​ကွက်​အတွင်း​ Apple ၏ Tablet ကွန်ပျူတာ iPad​ ရောင်း​ချ​ရမှု ကျဆင်း​​လာ​ကြောင်း​ သိရသည်။ Strategy Analytics က ​ဈေး​ကွက်​အတွင်း​ Android OS သုံး​ Tablet များ​ ​နေရာ​​ရလာခြင်း​​နှင့်​​အတူ

Apple ၏ iOS သုံး​ iPad သည် ​ဈေး​ကွက်​​နေရာ ၉၆ ရာခိုင်နှုန်း​ လွှမ်း​မိုး​ထား​ရာမှ ဇန်နဝါရီလတွင် ရ၅ ရာခိုင်နှုန်း​​သို့​ ကျဆင်း​​သွား​ကြောင်း​ ​ ဖော်ပြခဲ့​သည်။ Google ၏ Android ကို အသုံး​ပြုထား​သည့်​ Tablet များ​၏ ဝယ်လိုအား​မှာ ၂၁.၆ ရာခိုင်နှုန်း​ ရှိလာသည်။

အထူး​သဖြင့်​ ၂၀၁၀ နှစ်ကုန်ပိုင်း​ထိ Samsung ထုတ် Galaxy Tab အလုံး​ ၂ သန်း​ကျော် တင်ပို့​ရောင်း​ချ​ခဲ့​ရမှု​ကြောင့်​ Android သုံး​ Tablet များ​၏ ​ဈေး​ကွက်​နေရာကို ကျယ်ပြန့်​လာ​စေ​ကြောင်း​ Strategy Analytics က ​ဖော်ပြခဲ့​သည်။ Samsung က ၎င်းတို့​၏ Galaxy Tab ​ဈေး​ကွက်အတွင်း​ ​အောင်မြင်ခဲ့​ကြောင်း​ အတည်ပြုခဲ့​သော်လည်း​ အလုံး​ရေ ​သောင်း​နှင့်​ချီပြီး​ အ​ရောင်း​ဆိုင်များ​တွင် ရှိ​နေနိုင်ဆဲဟု ​ပြောကြား​ခဲ့​သည်။ Apple သည် ၂၀၁၀ တစ်နှစ်​ အတွင်း​ iPad အလုံး​ရေ ၁၅ သန်း​ကျော် ​ရောင်း​ချနိုင်ခဲ့​သည်။

Android 3.0 OS ကို အသုံး​ပြုသည့်​ Tabletများ​ ထွက်​ပေါ်လာချိန်တွင် Android ၏ ​ဈေး​ကွက်​နေရာရမှု ပိုကျယ်ပြန့်​လာဖွယ် ရှိ​ နေသည်။ Android 3.0 ကို ယခုလ​အတွင်း​ Motorola ထုတ် Xoom တွင် စတင်​သုံး​စွဲ​သွား​မည်ဟု သတင်း​​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here