အင်္ဂလိပ်​တွေကို အလွန်​သ​ဘောကျသည့်​ အက်ရှ​လေကိုး​၏​ချစ်သူ Playboy ​မော်ဒယ်​ဟောင်း​

alt

အင်္ဂလန် လက်​ရွေး​စင် ​ဘောလုံး​သမား​ အက်ရှ​လေကိုး​၏ ချစ်သူဖြစ်​သော ​မော်ဒယ် ​ကေလာ​ကောလင်း​က သူမသည် အင်္ဂလိပ်လူမျိုး​များ​ကို အလွန်သ​ဘောကျ​ကြောင်း​ ​ ပြောကြား​လိုက်သည်။

Playboy မဂ္ဂဇင်း​ ​မော်ဒယ်​ဟောင်း​ တစ်ဦး​ဖြစ်သည့်​ ​ကေလာက ချယ်ဆီး​အသင်း​ ​ဘောလုံး​သမား​ အက်ရှ​လေသည် သူမအ​ပေါ် ချိုသာနူး​ညံ့​စွာ ဆက်ဆံ​လေ့​ရှိ​ကြောင်း​ ဗြိတိန်ထုတ် အမျိုး​သမီး​ကြိုက် မဂ္ဂဇင်း​ Zoo သို့​ ​ပြောဆိုသွား​သည်။ ထို့​အပြင် သူမက အက်ရှ​လေနှင့်​ လက်ထပ်ထိမ်း​မြား​ပြီး​ က​လေး​များ​လည်း​ ရယူလို​ကြောင်း​ ​ပြောဆိုခဲ့​သည်။ အက်ရှ​လေသည် ဗြိတိသျှ နာမည်​ကျော် အဆို​တော် ချယ်ရီကိုး​နှင့်​ ကွာရှင်း​ပြီး​နောက်ပိုင်း​ မိန်း​က​လေး​အချို့​နှင့်​ တွဲခဲ့​သော်လည်း​ ယခုအခါ ​ကေလာနှင့်​ အတည်တကျ တွဲ​နေပြီဖြစ်သည်။

အ​မေရိကန်ဖွား​ ​ မော်ဒယ်တစ်ဦး​ဖြစ်​သော ​ကေလာသည် Zoo မဂ္ဂဇင်း​အတွက် အမျိုး​သမီး​ အတွင်း​ခံ ဝတ်စုံများ​ဖြင့်​ ဆွဲ​ဆောင်ညှို့​ငင်အား​ ပြင်း​ပြ​သော ဓာတ်ပုံများ​ အရိုက်ခံ​ခဲ့​သေး​သည်။ သူမက အင်္ဂလိပ် လူမျိုး​​တစ်ဦး​နှင့်​ ချစ်သူဖြစ်ရခြင်း​သည် ​ကျေနပ်​ဖွယ်ဖြစ်​ကြောင်း​၊​ သူမ​အတွက် အ​မေရိကန် အမျိုး​သား​များ​သည် အင်္ဂလိပ်များ​လောက် အထင်ကြီး​ နှစ်သက်ဖွယ် မရှိ​ကြောင်း​ မှတ်ချက်ပြု ​ ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here