အ​မေရိကန်နှင့်​ က​နေဒါတို့​တွင် နှင်း​မုန်တိုင်း​များ​​​တိုက်ခတ်

alt

အ​မေရိကန်နိုင်ငံ အ​ရှေ့​မြောက်ပိုင်း​နှင့်​ က​နေဒါတို့​တွင် နှင်း​မုန်တိုင်း​များ​ တိုက်ခိုက်​နေ​ကြောင်း​ သိရသည်။ နယူး​ယောက်မြို့​တွင် နှင်း​များ​ထူထပ်စွာ ကျဆင်း​လျက်ရှိရာ အမြင့်​ ၁၂ လက်မထိ ​ရောက်ရှိခဲ့​သည်။

ဇန်နဝါရီလ ၂၆ ရက်​နေ့​က စတင်ပြီး​ ဆီး​နှင်း​များ​ ထူထူထပ်ထပ် ကျဆင်း​လာရာ ယာဉ်​ကြောပိတ်ဆို့​မှုများ​ ဖြစ်​ပေါ်ခဲ့​ပြီး​ သမ္မတ ဘာရတ်အိုဘား​မား​၏ ယာဉ်တန်း​ပင် ဆိုင်း​ငံ့​ခဲ့​ရသည်။ လမ်း​များ​ အလွန်ဆိုး​ပြီး​ သတိထား​ ​မောင်း​နှင်ရ​ကြောင်း​ ဘတ်စ်ကား​ ဒရိုင်ဗာ တစ်ဦး​ဖြစ်သူ အက်ဒူး​ချက်က AP သတင်း​ဌာနသို့​ ​ပြောကြား​ခဲ့​သည်။

သမ္မတ ဘာရတ်အိုဘား​မား​သည်လည်း​ နယူး​ယောက်မှ ဝါရှင်တန်သို့​ ပြန်သွား​ရန် ​လေဆိပ်သို့​ မ​ရောက်နိုင်ဘဲ လမ်း​တွင် ကြန့်​ကြာမှုများ​ ကြုံခဲ့​ရသည်။ မိုး​လေဝသ ပညာရှင်များ​က က​နေဒါ​ရော၊​ အ​မေရိကန်တွင်ပါ ယခုရက်ပိုင်း​အတွင်း​ ဆက်လက်အ​အေး​ပို​နေမည်ဟု ​ပြောဆိုထား​ကာ ဆီး​နှင်း​ကျဆင်း​မှုများ​ ဖြစ်​နေနိုင်သည်ဟု ခန့်​မှန်း​ထား​သည်။ က​နေဒါတွင် ​လေ​ကြောင်း​ခရီး​စဉ်အချို့​အား​ မြင်ကွင်း​မှုန်ဝါး​မှု​ကြောင့်​ ဆိုင်း​ငံ့​ခဲ့​ရသည်။

အချို့​သော က​လေး​များ​သည် နှင်း​များ​ထူထပ်စွာ ကျဆင်း​လာမှု​ကြောင့်​ နှင်း​ရုပ်တုများ​ ထုလုပ်ကာ ​ပျော်ရွှင်​နေ​ကြောင်း​ ပို​မောက်တွင် ​နေထိုင်​သော ပြည်သူ့​ရေး​ရာဌာန ဒါရိုက်တာ ​ဒေး​ဗစ်အလန်ကဆိုသည်။ မက်ဆာချူး​ဆက်ရှိ ရာသီဥတု ပညာရှင်များ​က ကမ်း​ခြေတွင် ​ရေလွှမ်း​မှု​အချို့​ ဖြစ်နိုင်​ကြောင်း​ ကြိုတင်​သတိ​ပေး​ထား​သည်ဟုလည်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here