မိ​ထွေး​နှင့်​ ​ပျော်ပါး​နေစဉ် ဖခင်ဖြစ်သူက ​ရေနစ်​​သေဆုံး​

alt

လူတစ်ဦး​သည် ၎င်း၏မိ​ထွေး​နှင့်​ ဟိုတယ်တစ်ခုတွင် ​နောက်မီး​လင်း​နေစဉ်အတွင်း​ ဖခင်ဖြစ်သူမှာ ​ရေနစ်​သေဆုံး​သွား​ကြောင်း​ သိရသည်။ အသက် ၅၂ နှစ်အရွယ် ​ရေး​လီး​သည် ​ရေချိုး​ခန်း​အတွင်း​ မ​တော်တဆ လဲပြိုရာမှ ​ရေနစ်​​သေဆုံး​​သွား​ခြင်း​​ဖြစ်သည်။

၎င်း​သေဆုံး​ချိန်တွင် အသက် ၂၃ နှစ်အရွယ် သား​နှင့်​ ဇနီး​ဖြစ်သူ လီယွန်နာလီမှာ ဟိုတယ်တစ်ခုသို့​ ​ရောက်​နေသည်။ ဘဏ်မန်​နေဂျာ​ဟောင်း​ တစ်ဦး​ဖြစ်သူ လီယွန်နာသည် ​ရေး​တို့​အိမ်သို့​ ​ပြောင်း​လဲပြီး​နောက်ပိုင်း​ ဖခင်​ရော၊​ သား​နှင့်​ပါ ဇာတ်ရှုပ်ခဲ့​ခြင်း​ဖြစ်သည်။ ရဲဌာနက အဆိုပါ ​ရေနစ်​သေဆုံး​မုကို စုံစမ်း​ဆဲဖြစ်ပြီး​ တိတိကျကျ မသိရ​သေး​ဟုဆိုသည်။ ​ဝေလ​တောင်ပိုင်း​တွင် ဖြစ်ပွား​ခဲ့​သော မ​တော်တဆမှုနှင့်​ ပတ်သက်၍ လီယွန်နာတို့​ တိတ်တိတ်ပုန်း​ဇာတ်လမ်း​နှင့်​ ဆက်စပ်မှုရှိမရှိကို ဗြိတိန်ရဲဌာနက အထူး​စိတ်ဝင်စား​လျက်ရှိသည်။

လီယွန်နာသည် ​ရေး​ကို ​ရေး​ကြီး​ဟု​ခေါ်ပြီး​ သား​ဖြစ်သူကို ​ရေး​လေး​ဟု ချစ်စနိုး​ခေါ်​ဝေါ်​လေ့​ရှိသည်။ ​ရေး​သေဆုံး​ချိန်တွင် ရဲများ​က လီယွန်နာတို့​ ရှိ​နေမည့်​နေရာကို စုံစမ်း​စစ်​ဆေး​ရာမှ အဆိုပါ လျှို့​ဝှက်ဇာတ်လမ်း​ ထွက်​ပေါ်လာခြင်း​ဖြစ်သည်။ လီယွန်နာတို့​သည် အ​ပျော်ကြီး​ပျော်ပြီး​နောက် အိမ်သို့​ပြန်လာရာမှ ​ရေချိုး​ခန်း​အတွင်း​ ​သေ​နေ​သော အ​လောင်း​အား​ ထိတ်လန့်​တကြား​ ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။

ရဲတပ်ဖွဲ့​က လီယွန်နာတို့​စုံတွဲသည် ​ရေး​သေဆုံး​ချိန်တွင် ဟိုတယ်သို့​ အမှန်တကယ် ​ရောက်ရှိ​နေ​ကြောင်း​ အ​ထောက်အထား​များ​ ​တွေ့​ရှိထား​ကြောင်း​လည်း​ ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here