ကြက်တူ​ရွေး​​တစ်​ကောင်​အ​လေး​ချိန်​မျှသာ​ရှိသည့်​ ဒိုင်နို​ဆော​​ရုပ်ကြွင်း​ ရှာ​ဖွေ​တွေ့​ရှိ

alt

ကြက်တူ​ရွေး​ တစ်​ကောင်၏ အ​လေး​ချိန်မျှသာရှိ​သော ​သေး​ငယ်သည့်​ ဒိုင်နို​ဆောမျိုး​စိတ်သစ် တစ်မျိုး​၏ ရုပ်ကြွင်း​ကို သု​တေသန ပညာရှင်များ​က ရှာ​ဖွေ​တွေ့​ရှိခဲ့​သည်။

လက်မ အနည်း​ငယ်မျှသာ အရွယ်အစား​ရှိသည့်​ အဆိုပါ ဒိုင်နို​ဆော​လေး​သည် လွန်ခဲ့​သော နှစ်​ပေါင်း​ ၈၄ သန်း​မှ ရ၅ သန်း​ကြား​ ကာလတွင် ရှင်သန်​နေထိုင်ခဲ့​ဖွယ်ရှိ​ကြောင်း​ သု​တေသီများ​ကဆိုသည်။ တရုတ်နိုင်ငံရှိ မြစ်ဝါမြစ်ဝှမ်း​ရှိ လင်ဟီး​မြို့​အနီး​ အဆိုပါ ဒိုင်နို​ဆော​လေး​၏ ရုပ်ကြွင်း​အား​ ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ ၎င်းအား​ အတွင်း​မွန်ဂိုလီး​ယား​ရှိ မြို့​အမည်ကိုပင် အစွဲပြုပြီး​ လင်ဟီး​ယန်ကက်ဟု အမည်​ပေး​ထား​ကြောင်း​ သိရသည်။

နိုင်ငံတကာမှ သိပ္ပံပညာရှင်များ​ ပါဝင်ပြီး​ တရုတ်သု​တေသီ ဇူဇင် ဦး​ဆောင်​သော အဖွဲ့​က လင်ဟီး​ယန်ကက် ရုပ်ကြွင်း​အား​ ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ သိပ္ပံပညာရှင်များ​က ယင်း​ဒိုင်နို​ဆော ရုပ်ကြွင်း​သည် ငှက်များ​မည်သို့​ ​ပြောင်း​လဲဖြစ်​ပေါ်လာသည်ကို ​ခြေရာခံ ​ဖော်ထုတ်နိုင်မည့်​ ကွင်း​ဆက်တစ်ခုဟု မှတ်ယူလျက်ရှိသည်။ သိပ္ပံပညာရှင်များ​သည် ပြီး​ခဲ့​သော နှစ်ပိုင်း​အတွင်း​ သီယို​ပေါ့​ အနွယ်ဝင် ဒိုင်နို​ဆော မျိုး​စိတ်သစ် အချို့​ကို ​ဖော်ထုတ်နိုင်ခဲ့​ရာ နာမည်​ကျော် သား​စား​ဒိုင်နို​ဆော တိုင်ရန်နို​ဆောရပ်၏ မူလအစဟု မှတ်ယူနိုင်သည့်​ အလွန်​သေး​ငယ်​သော ဒိုင်နို​ဆော မျိုး​စိတ်တစ်မျိုး​ကိုလည်း​ ​တွေ့​ရှိခဲ့​သည်။

ဒိုင်နို​ဆောများ​၏ ​ပြောင်း​လဲမှု ဖြစ်စဉ်များ​သည် သမိုင်း​မတင်မီ ကာလက တည်ရှိခဲ့​သော ဇီဝရပ်ဝန်း​ကို များ​စွာအ​ထောက်အကူပြု​ကြောင်း​၊​ လင်ဟီး​ယန်ကက်သည် ငှက်များ​၏ မူလအစဟု မှတ်ယူနိုင်သည့်​ တယ်ရို​ဆောများ​နှင့်​ ဆက်စပ်မှုရှိသည်ဟု ယူဆရ​ကြောင်း​ အ​မေရိကန် သဘာဝ သမိုင်း​ပြတိုက်မှ သု​တေသီ ဂျိုနာခိုရီယာနာက မှတ်ချက်ပြု ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here