တတိယ​မြောက်​က​လေး​ယူရန် ဂျနီဖာလိုပက်စ်​​မျှော်လင့်​

alt

ဂျင်နီဖာလိုပက်စ်သည် တတိယ​မြောက် က​လေး​ယူရန် ​မျှော်လင့်​နေ​ကြောင်း​ သိရသည်။ မက်နှင့်​အမ်မာတို့​ အမြွှာနှစ်ဦး​ကို ​မွေး​ဖွား​ထား​ပြီး​နောက် နာမည်​ကျော် အဆို​တော်၊​ မင်း​သမီး​ရော ခင်ပွန်း​သည် မတ်အန်တိုနီတို့​ပါ က​လေး​ထပ်​လိုချင်ဆဲဟုဆိုသည်။

လိုပက်စ်တို့​ စုံတွဲသည် က​လေး​ချစ်သူများ​အဖြစ် ယခင်ကတည်း​က လူသိများ​ခဲ့​သည်။ လိုပက်စ်က In Touch မဂ္ဂဇင်း​နှင့်​ အင်တာဗျူး​တွင် သူမတို့​အ​နေနှင့်​ တတိယ​မြောက်က​လေး​ ရရှိမည်ဆိုပါက ဘုရား​သခင် ​ကောင်း​ချီး​ပေး​မှုအဖြစ် မှတ်ထင်ယူဆမိမည်ဖြစ်​ကြောင်း​ ​ပြောဆိုသွား​သည်။ အသက် ၄၁ နှစ်ရှိ လိုပက်စ်သည် အန်တိုနီနှင့်​ ၂၀၀၄ ခုနှစ်က လက်ထပ်ခဲ့​ခြင်း​ဖြစ်သည်။ သူမက မိသား​စုအတွက် ပိုမိုအချိန်​ပေး​ရန် အနုပညာ လုပ်ငန်း​တွင် ရပိုင်ခွင့်​ အချို့​ကို လက်လွှတ်ခံခဲ့​ကြောင်း​လည်း​ဆိုသည်။

သူမက က​လေး​နှစ်ဦး​သည် သူမဘဝအတွက် အလွန်အ​ရေး​ပါ​ကြောင်း​၊​ အန်တိုနီ​ရော သူမပါ က​လေး​များ​ကြောင့်​ ပိုမိုစိတ်ဓာတ် ကြံ့​ခိုင်လာခဲ့​ကြောင်း​ ဖွင့်​ဟ​ပြောဆိုသွား​သည်။ သူမက က​လေး​ထပ်ယူရန်အတွက် အန်တိုနီနှင့်​ ညှိနှိုင်း​တိုင်ပင်ထား​ကြောင်း​၊​ မက်နှင့်​ အမ်မာတို့​အတွက် ​နောက်ထပ် ​မောင်နှမ​အသစ်​လေး​များ​ ​မွေး​ဖွား​ပေး​ရခြင်း​သည် ​ပျော်ရွှင်ဖွယ် ဖြစ်မည်​ထင်​ကြောင်း​ ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here