ဗြိတိန်တွင် ခရီး​သည်တင်​လေယာဉ်​ပေါ်၌ ဗုံး​ဖောက်ခွဲမည်ခြိမ်း​ခြောက်မှု​ကြောင့်​ အ​ရေး​ပေါ်​ဆင်း​သက်ခဲ့​ရ

alt

ဗြိတိန်နိုင်ငံတွင် ပျံသန်း​နေ​သော ခရီး​သည်တင် ​လေယာဉ်တစ်စင်း​အတွင်း​ လိုက်ပါလာသူတစ်ဦး​က ဗုံး​ဖောက်ခွဲမည်ဟု ခြိမ်း​ခြောက်မှု​ကြောင့်​ ယင်း​လေယာဉ်ကို ဗြိတိသျှ​လေတပ် တိုက်​လေယာဉ်များ​ ခြံရံလိုက်ပါ ​စောင့်​ရှောက်ခဲ့​ရ​ကြောင်း​ သိရသည်။

အဆိုပါ ခရီး​သည်တင်​လေယာဉ် ​လေဆိပ်သို့​ ​ချော​မောစွာ ဆင်း​သက်ခဲ့​ပြီး​နောက် အသက် ၃၇ နှစ်အရွယ် ဗြိတိသျှလူမျိုး​ တစ်ဦး​အား​ ဖမ်း​ဆီး​ထား​လိုက်​ကြောင်း​ ရဲများ​ကဆိုသည်။ ဇန်နဝါရီလ ၂၄ ရက်​နေ့​က Stansted​ လေဆိပ်သို့​ ခရီး​သည်တင်​လေယာဉ် မဆင်း​နိုင်မီ Typhoon ဂျက်တိုက်​လေယာဉ် နှစ်စင်း​က လိုက်ပါ​စောင့်​ရှောက်​ပေး​ခဲ့​ကြောင်း​ ကာကွယ်​ရေး​ ဝန်ကြီး​ဌာနကဆိုသည်။ ယင်း​လေယာဉ်သည် Etihad​ လေ​ကြောင်း​လိုင်း​က ပိုင်ဆိုင်ပြီး​ အဘူဒါဘီမှ လန်ဒန်မြို့​၊​ ဟိသရိုး​ ​လေဆိပ်သို့​ ပျံသန်း​စဉ် ခရီး​သည်တစ်ဦး​က ဗုံး​ပါလာ​ကြောင်း​ ခြိမ်း​ခြောက်သည့်​အတွက် အ​ရေး​ပေါ် ဆင်း​သက်ခဲ့​ရခြင်း​ဖြစ်သည်။

ယခုကိစ္စ ဖြစ်ပွား​ပြီး​နောက် ဥ​ရောပယူနီယံ အဖွဲ့​ဝင် နိုင်ငံများ​၏ ခရီး​သည်တင် ​လေ​ကြောင်း​လိုင်း​များ​တွင် ဗုံး​သတိ​ပေး​ချက် ထုတ်ပြန်ခဲ့​သည်။ အဖမ်း​ခံရသူသည် အမှန်တကယ် ဗုံး​သယ်​ဆောင်လာခြင်း​ မရှိဘဲ မူး​ယစ်​ဆေး​တစ်မျိုး​မျိုး​ကြောင့်​ သတိလက်လွတ် ဖြစ်​နေဟန်ရှိ​ကြောင်း​ ခရီး​သည်များ​ကဆိုသည်။

ဗြိတိန်နိုင်ငံသည် အကြမ်း​ဖက်မှုများ​ ဖြစ်​ပေါ်လာနိုင်​ကြောင်း​ သတိ​ပေး​ နှိုး​ဆော်မှုများ​ ထုတ်ပြန်ထား​ရပြီး​ ၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံ၊​ မွမ်ဘိုင်း​တွင် ပြုလုပ်ခဲ့​သည့်​ အကြမ်း​ဖက် တိုက်ခိုက်မှုမျိုး​ ဖြစ်​ပေါ်လာနိုင်​ကြောင်း​ ကာကွယ်​ရေး​ ဝန်ကြီး​ဌာနက ​ကြေညာထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here