သွား​နာကျင်မှုအား​ စိတ်ပိုင်း​ဆိုင်ရာ​ကုထုံး​ဖြင့်​ ဂျာမနီမှ သွား​​ဆရာဝန်​ကုသ

alt

ဂျာမနီနိုင်ငံမှ စိတ်ကူး​ကောင်း​သူ အမျိုး​သမီး​ သွား​ဆရာဝန် တစ်ဦး​သည် လူနာများ​ နာကျင်မှု သက်သာ​စေရန် စိတ်ပိုင်း​ဆိုင်ရာ ကုထုံး​တစ်ခုအား​ သုံး​စွဲ​နေ​ကြောင်း​ သိရသည်။

မြူး​နစ်မြို့​ရှိ Relax & Smile သွား​ဆေး​ကုခန်း​တွင် ​ဒေါက်တာ မာရီကက်သရင်း​ ကလာ​ကော့​စကီး​နှင့်​ အခြား​သော အမျိုး​သမီး​ ဝန်ထမ်း​များ​သည် သူမတို့​၏ ရင်သား​အလှကို ​ပေါ်လွင်​စေမည့်​ ယူနီ​ဖောင်း​များ​ကို ဝတ်ဆင်​လေ့​ရှိသည်။ ယင်း​၏ အကျိုး​ဆက်​အဖြစ် လူနာများ​သည် သွား​နှုတ်ချိန်တွင် ​ကြောက်ရွံ့​ထိတ်လန့်​မှု၊​ နာကျင်မှုများ​ကို ​လျော့​နည်း​စေ​ကြောင်း​ ကလာ​ကော့​စကီး​ကဆိုသည်။ အချို့​လူနာများ​သည် ယခင်က ကက်သီး​ကက်သတ်နိုင်​သော အ​ခြေအ​နေမှ ယူနီ​ဖောင်း​ ​ပြောင်း​လဲပြီး​နောက်ပိုင်း​တွင် ကုသမှု​ပေး​ရန် ပိုမို​​ကောင်း​မွန်​လိုက်​လျောလာ​ကြောင်း​ သူမက ရှင်း​ပြခဲ့​သည်။

Relax & Smile ​ဆေး​ခန်း​တွင် ယူနီ​ဖောင်း​ အ​ပြောင်း​အလဲ ပြုလုပ်ပြီး​နောက်ပိုင်း​ လူနာဝင်​ရောက်မှု ၃ ပုံ ၁ပုံမျှ တိုး​တက်လာ​ကြောင်း​ သိရသည်။ ထူး​ခြား​ချက် အ​နေနှင့်​ အား​လုံး​လိုလိသည် အမျိုး​သား​ လူနာများ​ ဖြစ်​နေ​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here