စည်း​မဲ့​ကမ်း​မဲ့​​စား​သောက်ခြင်း​ကြောင့်​ စိတ်ဖိစီး​မှု ပိုဖြစ်နိုင်

alt

စည်း​မဲ့​ကမ်း​မဲ့​ စား​သောက်ခြင်း​သည် စိတ်ဖိစီး​မှုကို တိုး​ပွား​လာ​စေနိုင်​ကြောင်း​ စပိန်နိုင်ငံမှ သု​တေသီများ​က ​တွေ့​ရှိခဲ့​သည်။ အဆီအဆိမ့်​များ​သော အစား​အစာများ​ အလွန်အကျွံ စား​သုံး​ခြင်း​သည် စိတ်ပိုင်း​ဆိုင်ရာ ကျန်း​မာ​ရေး​ကို ထိခိုက်​စေနိုင်သည်ဟု ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။

သံလွင်ဆီကဲ့​သို့​ Omega-9 အဆီအက်ဆစ် ​ပေါများ​သည့်​ အစား​အ​သောက်များ​သည် ​ရေရှည်တွင် စိတ်ဖိစီး​မှုကို တိုး​ပွား​စေသည်ဟု စပိန်နိုင်ငံ လာပယ်မာဒီ ဂရန်ကာနာရီယာ တက္ကသိုလ်တွင် အ​မေရိကန်နိုင်ငံ နီဗား​ဒါး​ တက္ကသိုလ်မှ ပညာရှင်များ​နှင့်​ ပူး​ပေါင်း​လုပ်​ဆောင်သည့်​ သု​တေသန ရလဒ်များ​က အဆီအဆိမ့်​များ​သော အစား​အ​သောက်များ​သည် စိတ်ဖိစီး​မှု ဖြစ်ပွား​နိုင်​ခြေကို ၄၈ ရာခိုင်နှုန်း​ တိုး​ပွား​စေသည်ဟု ​ဖော်ထုတ်နိုင်ခဲ့​သည်။

သို့​သော်လည်း​ ဟင်း​သီး​ဟင်း​ရွက်အဆီ အများ​စုသည် စိတ်ဖိစီး​မှု ဖြစ်​ပေါ်နိုင်​ခြေ ပိုမို​လျော့​နည်း​ကြောင်း​ သု​တေသီများ​ကဆိုသည်။ မည်သို့​ပင်ဖြစ်​စေ အစား​အ​သောက် မဆင်ခြင်သူများ​သည် ​ရေရှည်တွင် စိတ်ဖိစီး​မှု တိုး​ပွား​နိုင်​ခြေ ၅၀ ရာခိုင်နှုန်း​ နီး​ပါး​ထိ မြင့်​တက်လာ​လေ့​ရှိ​ကြောင်း​ မိမိတို့​ ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်ဟု စပိန်သု​တေသန ပညာရှင် မီဂွယ်မာတီနက်က ​ပြောကြား​ခဲ့​သည်။

ကမ္ဘာ​ပေါ်တွင် စိတ်ဖိစီး​မှု ခံစား​နေရသူ သန်း​ ၁၅၀ မျှရှိ​နေပြီး​ မကြာမီ နှစ်ပိုင်း​များ​အတွင်း​ ပိုမိုများ​ပြား​လာခဲ့​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here