No Strings Attach မှ လိင်မှုအ​လေ့​အထ ဇာတ်ဝင်ခန်း​များ​အ​ပေါ် အက်ရှတွန်ကက်ချာ ကာကွယ်​​ပြောကြား​

alt

No Strings Attach ဇာတ်ကား​တွင် ပါဝင်​သော လိင်မှုဆိုင်ရာ အ​လေ့​အထများ​သည် လက်​တွေ့​ဖြစ်​ပေါ်​နေ​သော အ​ခြေအ​နေကို ထင်ဟပ်ပြထား​ခြင်း​သာဖြစ်​ကြောင်း​ ​ဟောလီး​ဝုဒ်မင်း​သား​ အက်ရှတွန်ကက်ချာက ​ပြောကြား​လိုက်သည်။

နာတာလီပို့​မင်း​နှင့်​ တွဲဖက်သရုပ်​ဆောင်ထား​သော အဆိုပါ ဇာတ်ကား​တွင် လူငယ်များ​၏ လိင်ပိုင်း​ဆိုင်ရာ ဆက်ဆံ​ရေး​ကို ​ဝေဖန်မှုများ​ ပြုလုပ်ခဲ့​ရာ ကက်ချာက လက်​တွေ့​ဘဝအတိုင်း​ ဖြစ်ပျက်​နေခြင်း​ဟု တုန့်​ပြန်ခဲ့​သည်။ ကက်ချာက လူမှု​ရေး​ရပ်ဝန်း​တွင် အမှန်တကယ် ကျင့်​သုံး​နေ​သော ကိစ္စများ​ကို မဟုတ်မှန်သ​ယောင် ဖုံး​ကွယ်​နေစရာ အ​ကြောင်း​မရှိဟုဆိုသည်။ ထိုဇာတ်ကား​တွင် ၎င်းနှင့်​ ပို့​မင်း​တို့​သည် လိင်ဆိုင်ရာအတွက်သာ ရင်း​နှီး​ဆက်ဆံ​နေ​သော လူငယ်နှစ်ဦး​အဖြစ်မှ ထိုထက်ပို​သော ခံစား​မှုမျိုး​သို့​ ကူး​ပြောင်း​လာသည့်​အသွင် သရုပ်​ဆောင်ထား​သည်။

၎င်းက အ​မေရိကန်တွင် ကိုယ်လက်နှီး​နှောရန် ရင်း​နှီး​ဆက်ဆံ​နေ​သော လူငယ်အဝန်း​အဝိုင်း​မျိုး​ ပိုမို​ပေါများ​လာ​နေသည်မှာ အမှန်ပင်ဖြစ်​ကြောင်း​၊​ ​ခေတ်၏ ​တောင်း​ဆိုမှုကို ဖုံး​ကွယ်ရန် မကြိုး​စား​သင့်​ကြောင်း​၊​ No Strings Attachသည် လက်​တွေ့​ဘဝကို ပုံ​ဖော်လှစ်ဟပြခဲ့​ခြင်း​သာဖြစ်​ကြောင်း​ သုံး​သပ်​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here