Intel ကုမ္ပဏီကြီး​၏ နည်း​ပညာ​သစ်တီထွင်​ရေး​ ဒါရိုက်တာ​အဖြစ် Will.I.Am အား​ ခန့်​အပ်

alt

အ​မေရိကန် နည်း​ပညာ ကုမ္ပဏီကြီး​ Intel သည် နာမည်​ကျော် အဆို​တော် Will.I.Am အား​ ကုမ္ပဏီ၏ နည်း​ပညာသစ် ထိုး​ထွင်း​တီထွင်​ရေး​ ဒါရိုက်တာအဖြစ် ခန့်​အပ်​ကြောင်း​ ​ကြေညာလိုက်သည်။

Black Eyed Peas ဂီတအဖွဲ့​မှ ဂရမ်မီဆုရှင် အဆို​တော်သည် ကုမ္ပဏီ၏ ထုတ်ကုန်သစ်များ​အတွက် အကြံ​ပေး​မှုများ​ ပြုလုပ်သွား​မည်ဖြစ်​ကြောင်း​ ကမ္ဘာ​ကျော် Chip ကုမ္ပဏီကြီး​ကဆိုသည်။ Intel သည် ဗြိတိသျှ ရုပ်မြင်သံကြား​ဌာန BBC ၏ အနာဂတ်မီဒီယာနှင့်​ နည်း​ပညာဌာန ဒါရိ်ုကတာ အဲရစ်ဟက်ဂါကိုလည်း​ ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်က ဒုတိယ ဥက္ကဌ အဖြစ် ခန့်​အပ်ခဲ့​သေး​သည်။ ယင်း​သည် Intel ၏ ​ဈေး​ကွက်ပြိုင်ဖက် AMD ကို ​ခြေတစ်လှမ်း​ အသာစီး​ယူရန် ကြိုး​ပမ်း​မှု တစ်ခုအဖြစ် ​လေ့​လာသူများ​က သုံး​သပ်ခဲ့​သည်။

နာမည်ကြီး​ အဆို​တော်တစ်ဦး​အား​ နည်း​ပညာ ကုမ္ပဏီတစ်ခု၏ အဆင့်​မြင့်​ရာထူး​တွင် ခန့်​အပ်ခြင်း​အား​ ကမ္ဘာ​ပေါ်တွင် ကွန်ပျူတာ အများ​ဆုံး​ ထုတ်လုပ်​ရောင်း​ချ​နေသည့်​ Hewlett-Packard (HP) ကလည်း​ ပြုလုပ်ခဲ့​ဖူး​သည်။ HP သည် ၎င်းတို့​ထုတ်လုပ်​ရောင်း​ချမည့်​ Laptopအချို့​တွင် Audio ပိုင်း​ဆိုင်ရာ အကြံ​ပေး​အဖြစ် အဆို​တော် Dr. Dre အား​ ခန့်​အပ်ခဲ့​ဖူး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here