​ရောဂါ​သယ်​ဆောင်ခြင်း​​မရှိနိုင်ရန် မျိုး​ဗီဇ​ပြောင်း​​ထား​သည့်​ ခြင်များ​ မ​လေး​ရှား​တွင် လွှတ်​ပေး​လိုက်

alt

မ​လေး​ရှား​တွင် ​ရောဂါသယ်​ဆောင်ခြင်း​ မရှိ​အောင် မျိုး​ဗီဇ ​ပြောင်း​လဲထား​သည့်​ ခြင်​ကောင်​ရေ ၆၀၀၀ ကို ပထမဆုံး​အကြိမ် လွှတ်​ပေး​ခဲ့​ကြောင်း​ သိရသည်။

မ​လေး​ရှား​မှ သိပ္ပံပညာရှင်များ​က စမ်း​သပ်မှုအဖြစ် ယခုလို ​ရောဂါပိုး​ ကူး​စက်ခြင်း​ မရှိ​သော ခြင်များ​ကို သစ်​တောများ​အတွင်း​ ပထမဆုံး​အကြိမ် လွှတ်​ပေး​ခြင်း​ဟု ဇန်နဝါရီလ ၂၆ ရက်​နေ့​က ​ကြေညာခဲ့​သည်။ ​အေး​ဒီး​စ်မျိုး​နွယ် ခြင်ထီး​များ​ကို မျိုး​ဗီဇ ​ပြောင်း​လဲထား​ပြီး​ ၎င်းတို့​အ​နေနှင့်​ သဘာဝအတိုင်း​ သွား​လာလှုပ်ရှား​နေသည့်​ ခြင်မများ​နှင့်​ ​ပေါင်း​စပ်ကာ အနာဂတ်တွင် ​ရောဂါပိုး​ သယ်​ဆောင်ခြင်း​ မရှိ​သော ခြင်များ​ပေါက်ဖွား​ရန် ရည်ရွယ်ပြီး​ ယခုလို လုပ်​ဆောင်ခြင်း​ဖြစ်သည်။

မ​လေး​ရှား​ အစိုး​ရက ​ထောက်ပံ့​ကူညီထား​သည့်​ ​ဆေး​သိပ္ပံ သု​တေသနဌာနက ခြင်များ​ကို မျိုး​ဗီဇ ​ပြောင်း​လဲခဲ့​ခြင်း​ဖြစ်သည်။ ဒီဇင်ဘာ ၂၁ ရက်​နေ့​က စမ်း​သပ်မှု ပြုလုပ်ပြီး​နောက် ရလဒ်ပိုင်း​ကို ​စောင့်​ကြည့်​နေဆဲဟု သု​တေသီများ​ကဆိုသည်။ သိပ္ပံပညာရှင်များ​သည် ခြင်​ပေါများ​သော ​ဒေသများ​တွင် ​နောက်ထပ်​အေး​ဒီး​စ်ခြင်ထီး​ ၆၀၀၀ ​ကျော်ကို ထပ်မံလွှတ်​ပေး​ရန် ပြင်ဆင်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here