အသက် ၁၄ နှစ်ဖြင့်​ က​လေး​​အ​ဖေ​ဖြစ်ကာ ၂၉ နှစ်တွင် အဘိုး​​ဖြစ်သွား​သည့်​ ဗြိတိန်​နိုင်ငံသား​

alt

အသက် ၁၄ နှစ်အရွယ်ဖြင့်​ က​လေး​အ​ဖေ ဖြစ်ခဲ့​သူ ဗြိတိန်နိုင်ငံသား​ တစ်ဦး​သည် ယခုအခါ အသက် ၂၉ နှစ်အရွယ်တွင် အဘိုး​ဘဝ ​ရောက်​တော့​မည်ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် အသက်အငယ်ဆုံး​ က​လေး​အ​ဖေအဖြစ် စံချိန်တင်ခဲ့​ဖူး​သည်ဆို​သော ယင်း​လူငယ်၏ ၁၄ နှစ်အရွယ် သမီး​တွင် ယခုအခါ ကိုယ်ဝန်ရှိ​နေပြီဖြစ်သည်။ ​ဝေလ​တောင်ပိုင်း​တွင် ​နေထိုင်​သော သမီး​ဖြစ်သူနှင့်​ သူမ၏ ချစ်သူတို့​သည် ​ကျောင်း​နေဖက်များ​ ဖြစ်ကြပြီး​ ဩဂုတ်လတွင် မီး​ဖွား​မည်ဟု ​မျှော်လင့်​ထား​ကြောင်း​ သိရသည်။

အမည်​ဖော်ပြမထား​သော အဘိုး​လောင်း​က ၎င်းသည် သမီး​ဖြစ်သူ၏ ကိုယ်ဝန်သတင်း​ကို ကြား​ကြား​ချင်း​ အလွန်အံ့​ဩထိတ်လန့်​ခဲ့​သော်လည်း​ ယခုအခါ ​မြေး​ချီရမည့်​ အဖြစ်ကို ​ကျေနပ်​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ မိမိသည် ၂၉ နှစ်သာ ရှိ​သေး​သော အချိန်တွင် ​မြေး​ချီရ​တော့​မည်ဖြစ်​ကြောင်း​၊​ မိမိအသက် ၁၄ နှစ်တွင် သမီး​ငယ်အား​ ချီ​နေရ​ကြောင်း​၊​ ယခုအခါ သူမကပါ က​လေး​ထပ်ရမည်ဆို​သော ကိစ္စမှာ ယုံနိုင်ရန် ခက်ခဲ​ကြောင်း​ ၎င်းကဆိုသည်။

မီး​ဖွား​မည့်​ မိန်း​က​လေး​က သူမသည် ကိုယ်ဝန်​ဆောင်ဘဝဖြင့်​ ​ကျောင်း​ဆက်တက်​နေပြီး​ က​လေး​မွေး​ပြီး​ပါကလည်း​ တတ်နိုင်သမျှမြန်မြန် ​ကျောင်း​ပြန်တက်ရန် ​မျှော်လင့်​ကြောင်း​ ​ပြောဆိုထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here