လင်​ဆေး​လိုဟန်နှင့်​ ပဲရစ်ဟီတန်တို့​အား​ လက်​ဝှေ့​​​ယှဉ်ထိုး​ရန် ​ဒေါ်လာ ၁သန်း​​ဖြင့်​​ကမ်း​လှမ်း​

alt

လင်း​ဆေး​လိုဟန်နှင့်​ ပဲရစ်ဟီတန်တို့​သည် သရုပ်ပြ လက်​ဝှေ့​ပွဲတစ်ခုအတွက် နှစ်ဦး​ပေါင်း​ ​ဒေါ်လာ ၁ သန်း​ဖြင့်​ ကမ်း​လှမ်း​ခံခဲ့​ရ​ကြောင်း​ သိရသည်။ ​ဟောလီး​ဝုဒ်၏ မိန်း​မဆိုး​လေး​များ​အဖြစ် သတ်မှတ်ခံရသည့်​

ဟီတန်နှင့်​ လိုဟန်တို့​၏ Celebrity လက်​ဝှေ့​ပွဲ အမှန်တကယ် ဖြစ်လာပါက ရရှိလာ​သော အကျိုး​အမြတ်များ​ အား​လုံး​ကို မူး​ယစ်​ဆေး​ဝါး​နှင့်​ အရက်​သေစာ စွဲလန်း​မှု တိုက်ဖျက်​ရေး​ ရံပုံ​ငွေအဖြစ် လှူဒါန်း​သွား​မည်ဟု ​ဟောလီး​ဝုဒ် လက်​ဝှေ့​အဖွဲ့​ချုပ်မှ ​ဒေမွန်ဖယ်မန်က ​ပြောကြား​ခဲ့​သည်။

ဖယ်မန်က ထိုပွဲကို ​ဟောလီး​ဝုဒ် မိန်း​မဆိုး​လေး​များ​၏ တိုက်ပွဲဟု အမည်​ပေး​ရန် ရည်ရွယ်ထား​ကြောင်း​၊​ လိုဟန်​ရော၊​ ဟီတန်ပါ ယခင်က လက်​ဝှေ့​လေ့​ကျင့်​ဖူး​ကြောင်း​လည်း​ RadarOnline သို့​ ​ပြောဆိုသွား​သည်။

၎င်းက ယင်း​ပွဲကို အမှန်တကယ် ကျင်း​ပနိုင်ရန် ကြိုး​စား​နေဆဲဖြစ်​ကြောင်း​၊​ တစ်ချီလျင် (၃) မိနစ်ကြာ ထိုး​သတ်ရမည်ဖြစ်ပြီး​ မင်း​သမီး​နှစ်ဦး​လုံး​ ​ခေါင်း​အုံး​အရွယ်မျှရှိသည့်​ လက်​ဝှေ့​အိတ်များ​ကို ဝတ်ဆင်ရမည်ဖြစ်​ကြောင်း​လည်း​ ဆက်လက်​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here