အင်ဒိုး​နီး​ရှား​ ကူး​တို့​ရေယာဉ်မီး​လောင်မှု ၁၁ ဦး​​သေဆုံး​ခဲ့

alt

အင်ဒိုနီး​ရှား​နိုင်ငံတွင် ကူး​တို့​ရေယာဉ် တစ်စင်း​ပေါ် မီး​လောင်မှု ဖြစ်ပွား​ရာ လူ ၁၁ ဦး​ထက်မနည်း​ ​သေဆုံး​သွား​ကြောင်း​ သိရသည်။ ဇန်နဝါရီလ ၂၇ ရက်​နေ့​ နံနက်ပိုင်း​က ဂျာဗား​ကျွန်း​ရှိ မာရတ်ဆိပ်ကမ်း​မှ ဆူမာတြာသို့​

ထွက်ခွာလာ​သော ​ရေယာဉ်​ပေါ် မီး​လောင်မှု ဖြစ်ပွား​ခဲ့​ခြင်း​ဟု အာဏာပိုင်များ​ကဆိုသည်။ ယင်း​ကူး​တို့​ယာဉ်​ပေါ်မှ လူ​ပေါင်း​ ၄၂၇ ဦး​ကိုမူ ကယ်တင်နိုင်ခဲ့​သည်။ အချို့​ကလည်း​ အသက်ကယ် အင်္ကျီများ​ ဝတ်ဆင်ပြီး​ ​ရေထဲခုန်ချ​သော​ကြောင့်​ အသက်​ဘေး​မှ လွတ်​မြောက်ခဲ့​သည်။ အခင်း​ဖြစ်ပွား​ပြီး​နောက် ကယ်ဆယ်​ရေး​များ​သည် အ​လောင်း​များ​နှင့်​ ဒဏ်ရာရသူများ​ကို အနီး​ရှိ ​ဆေး​ရုံသို့​ အ​ရေး​တကြီး​ သယ်ယူပို့​ဆောင်​ပေး​ခဲ့​ကြောင်း​ ပို့​ဆောင်​ရေး​ဝန်ကြီး​ဌာန ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ ဘမ်ဘန်း​အာဗန်က AP သတင်း​ဌာနသို့​ ​ပြောကြား​သွား​သည်။

အင်ဒိုနီး​ရှား​ သတင်း​ဌာနများ​ကလည်း​ မီး​သတ်​လှေတစ်စင်း​သည် မီး​လောင်​နေ​သော ကူး​တို့​ယာဉ်ကို ကြိုး​စား​ပမ်း​စား​ မီး​ငြှိမ်း​သတ်​နေပုံအား​ ထုတ်လွှင့်​ပြသခဲ့​သည်။ ကူး​တို့​ယာဉ်​ပေါ် သယ်ယူလာသည့်​ ​မော်​တော်ယာဉ် တစ်စင်း​က စတင်မီး​လောင်သည်ဟု ယူဆရပြီး​ ကူး​တို့​ယာဉ်​ပေါ် လိုက်ပါလာသူ အ​ရေအတွက်ကို တိတိကျကျ သိနိုင်ရန် ရဲတပ်ဖွဲ့​က စုံစမ်း​နေဆဲဖြစ်သည်။

ကျွန်း​စုများ​ဖြင့်​ ဖွဲ့​စည်း​တည်​ဆောက်ထား​သော အင်ဒိုနီး​ရှား​ နိုင်ငံတွင် ကူး​တို့​ရေယာဉ်များ​သည် သယ်ယူပို့​ဆောင်​ရေး​တွင် အ​ရေး​အပါဆုံး​ အခန်း​ကဏ္ဍမှ ပါဝင်လျက်ရှိ​ကြောင်း​လည်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here