အီဂျစ်နိုင်ငံတွင် အစိုး​ရဆန့်​ကျင်​ရေး​ ဆန္ဒပြပွဲများ​​ဆက်​ဖြစ်

alt

အီဂျစ်နိုင်ငံတွင် အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြပွဲများ​ ဖြစ်ပွား​ရာ အနည်း​ဆုံး​ လူ ၃ ဦး​ ​သေဆုံး​သွား​ကြောင်း​ သိရသည်။ ဇန်နဝါရီလ ၂၅ ရက်​နေ့​က ရှား​ရှား​ပါး​ပါး​ ဆန္ဒပြမှုများ​ ဖြစ်​ပေါ်ခဲ့​ပြီး​ ရဲ ၁ ဦး​နှင့်​ ဆန္ဒပြသူ ၂ ဦး​တို့​ ဆူး​အက်တွင် ​သေဆုံး​ကြောင်း​ အီဂျစ်ရုပ်မြင်သံကြား​ ဌာနများ​က ​ဖော်ပြခဲ့​သည်။

ကိုင်ရိုအလယ်ပိုင်း​တွင်လည်း​ ဆန္ဒပြသူများ​အား​ ရဲများ​က မျက်ရည်ယိုဗုံး​များ​သုံး​ပြီး​ လူစုခွဲခဲ့​ရသည်။ မြို့​လည်ရှိ တာဟာရင်ပြင်တွင် ​ထောင်​ပေါင်း​များ​စွာ​သော ဆန္ဒပြသူများ​သည် ညသန်း​ခေါင်အထိ ဆက်ရှိ​နေကြသည်။ အီဂျစ်တွင် သမ္မတ ဟိုစနီ မူဘာရက် ၁၉၈၁ ခုနှစ်က စတင်အာဏာရလာပြီး​နောက်ပိုင်း​ လူတန်း​စား​ မညီမျှမှုများ​နှင့်​ ပတ်သက်၍ ဆန္ဒပြခဲ့​ကြခြင်း​ဖြစ်သည်။ အ​မေရိကန် နိုင်ငံခြားရေး​ဝန်ကြီး ဟီလာရီ ကလင်တန်က ပြည်သူ့​ဆန္ဒကို ​ဖော်ထုတ်​သော ဆန္ဒပြမှုမျိုး​ကို ​ထောက်ခံ​သော်လည်း​ အဓိကရုဏ်း​များ​ ဖြစ်​ပေါ်လာခြင်း​ကို ရှုတ်ချ​ကြောင်း​ ​ပြောဆိုသွား​သည်။ အီဂျစ်အစိုး​ရသည် ဆန္ဒပြမှုများ​ကြောင့်​ Twitterကဲ့​သို့​ Social Networking ဝက်ဆိုက်အချို့​ကို ယာယီပိတ်ထား​လိုက်ရသည်။

ကိုင်ရိုတွင် လူအများ​စု​နေ​သော ​နေရာသို့​ ရဲများ​က မီး​သတ်ပိုက်များ​ဖြင့်​ ​ရေပက်ပြီး​ လူစုခွဲခဲ့​ကြသည်။ မျက်မြင်များ​က ရဲများ​နှင့်​ ဆန္ဒပြသူများ​ကြား​ အပြန်အလှန် တိုက်ခိုက်မှုများ​ ရှိခဲ့​ကြောင်း​ ​ပြောဆိုခဲ့​ကြသည်။ အီဂျစ်တွင် နှစ်သစ်ကူး​ ကာလက ခရစ်ယာန် ဘုရား​ကျောင်း​တစ်ခု ဗုံး​ခွဲခံရပြီး​နောက်ပိုင်း​ နိုင်ငံ​ရေး​ မတည်ငြိမ်မှုများ​ ပိုမိုဆိုး​ရွား​လာခြင်း​ဖြစ်သည်။ အီဂျစ်ကဲ့​သို့​ပင် အာဖရိက နိုင်ငံတစ်ခုဖြစ်​သော တူနီး​ရှား​တွင် အစိုး​ရ ပြုတ်ကျသည်အထိ အား​ကောင်း​ခဲ့​သော လူထုဆန္ဒပြမှုများ​ကလည်း​ အီဂျစ်၏ ဆန္ဒပြပွဲများ​ကို သက်​ရောက်မှု ရှိခဲ့​သည်။

အီဂျစ်၏ အဓိက အတိုက်အခံ အင်အား​စုတစ်ခုဖြစ်​သော မွတ်ဆလင် ညီအစ်ကိုများ​အဖွဲ့​က အစိုး​ရအ​နေနှင့်​ ပြည်သူ့​ဆန္ဒကို ​ရှေ့​တန်း​တင်​သော ဖွဲ့​စည်း​မှုမျိုး​ ပြုလုပ်ရန် လိုအပ်​ကြောင်း​ ​ဝေဖန်ထား​ပြီး​ ဆန္ဒပြပွဲများ​နှင့်​ ပတ်သက်၍ သမ္မတ မူဘာရက်၏ စီမံခန်င့်္​ခွဲမှုကိုလည်း​ ပြစ်တင်ရှုတ်ချခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here