ရင်သား​​အတွင်း​ ဆီလီ​ကွန်ထည့်​သည့်​ အမျိုး​သမီး​များ​ ရှား​ပါး​သော ရင်သား​​ကင်ဆာ​ဖြစ်နိုင်

alt

ဆီလီကွန်ကဲ့​သို့​ ပစ္စည်း​များ​ကို ရင်သား​အတွင်း​ ထည့်​သွင်း​ထား​သည့်​ အမျိုး​သမီး​များ​တွင် ရှား​ပါး​သော ကင်ဆာ​ရောဂါတစ်မျိုး​ ဖြစ်ပွား​နိုင်​ခြေ ပိုမိုမြင့်​တတ်လာ​လေ့​ရှိ​ကြောင်း​ သိရသည်။

အ​မေရိကန် အစား​အ​သောက်နှင့်​ ​ဆေး​ဝါး​ဆိုင်ရာ စီမံကွပ်ကဲ​ရေး​ဌာန (FDA) က ၁၉၉၇ ခုနှစ်​နောက်ပိုင်း​ ရင်သား​အလှအတွက် ခွဲစိတ်ခံထား​ရသူ အမျိုး​သမီး​ ၆၀ တွင် ကိုယ်ခံအား​စနစ်ကို ထိခိုက်ပျက်စီး​စေသည့်​ လင်ဖိုမာကင်ဆာ (ALCL) ဖြစ်ပွား​ခဲ့​ကြောင်း​ ​ဖော်ပြခဲ့​သည်။ ALCL သည် အလွန်ဖြစ်ခဲပြီး​ ​သွေး​နှင့်​ဆိုင်​သော ကင်ဆာတစ်မျိုး​ဖြစ်သည်။ ​သွေး​ကင်ဆာ ဖြစ်ပွား​သူဦး​ရေနှင့်​ နှိုင်း​ယှဉ်လျင် ၃ ရာခိုင်နှုန်း​မျှသာရှိ​ကြောင်း​ လင်ဖိုမာ သု​တေသန ​ဖောင်​ဒေး​ရှင်း​ကဆိုသည်။

ရင်သား​အလှအတွက် ဆီလီကွန် ထည့်​သွင်း​ခြင်း​သည် ​ယေဘုယျအား​ဖြင့်​ အန္တရာယ် မရှိ​သော်လည်း​ အမျိုး​သမီး​များ​၏ ​သွေး​လှည့်​ပတ်မှုကို အ​ပြောင်း​အလဲ ဖြစ်​ပေါ်​စေနိုင်သည်ဟု ယူဆရ​ကြောင်း​ သု​တေသီများ​ကဆိုသည်။ ​ဒေါက်တာ ​ဒေး​ဗစ်ဝီလျံမိုင်ဆယ်က ရင်သား​ခွဲစိတ်မှုနှင့်​ ALCL တို့​ ဆက်စပ်​နေသည်ဟု ယုံကြည်ရ​ကြောင်း​၊​ သို့​သော်လည်း​ ပိုမိုအ​သေး​စိတ်ကျသည့်​ ​လေ့​လာမှုများ​ လိုအပ်​နေဆဲဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

စစ်တမ်း​များ​အရ ကမ္ဘာ​ပေါ်တွင် အမျိုး​သမီး​ ၅ သန်း​မှ ၁၀ သန်း​ကြား​ထိ ရင်သား​ကြီး​ထွား​ရန် ခွဲစိတ်မှု ခံယူထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here