ဘရာဇီး​မှ ​ရေ​ဘေး​​သင့်​ပြည်သူများ​​အား​ ​နေအိမ် ၈၀၀၀ အခမဲ့​​ဆောက်လုပ်​​ပေး​မည်

alt

ဘရာဇီး​တွင် ​ရေ​ဘေး​သင့်​ ပြည်သူများ​အား​ အိမ်အလုံး​ပေါင်း​ ၈၀၀၀ မျှကို အခမဲ့​ ​ဆောက်လုပ်​ပေး​သွား​မည်ဟု သိရသည်။ ရီယိုဒီဂျ​နေရိုး​မြို့​တော်တွင် ယခုလအတွင်း​ ဆိုး​ရွား​သော ​ရေ​ဘေး​နှင့်​ ကြံုခဲ့​ရပြီး​နောက် အိမ်​ခြေရာမဲ့​ ဖြစ်သွား​သူများ​၊​ အခြား​ဆင်း​ရဲ နွမ်း​ပါး​သူများ​ကို

ယခုလို ကူညီရန် စီစဉ်ထား​ခြင်း​ဖြစ်သည်။ သမ္မတ ဒယ်မာရူး​ဆက်က အစိုး​ရအ​နေနှင့်​ အိမ်အလုံး​ ၆၀၀၀ အတွက် တာဝန်ယူသွား​မည်ဖြစ်ပြီး​ ကျန် ၂ဝဝဝကို ​ဆောက်လုပ်​ရေး​ ကုမ္ပဏီများ​က ​ဆောက်လုပ်လှူဒါန်း​မည်ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဒယ်မာက သူမအ​နေနှင့်​ လူ​ပေါင်း​ ၈၃၀ ​ကျော် ​သေဆုံး​ခဲ့​သည့်​ ​ရေ​ဘေး​တွင် ပါဝင်လှူဒါန်း​ခဲ့​သော အလှူရှင်များ​အား​ ​ကျေး​ဇူး​အထူး​ တင်ရှိပါ​ကြောင်း​ ​ပြောဆိုသွား​သည်။

ရီယိုနှင့်​ အနီး​တဝိုက်တွင် ဖြစ်​ပေါ်ခဲ့​သော ​ရေလွှမ်း​မိုး​မှုများ​အတွင်း​ ​နောက်ထပ်လူ​ပေါင်း​ ၅၄၀ ​ကျော် ​ပျောက်ဆုံး​နေဆဲဖြစ်သည်။ ဒယ်မာက သူမ၏ အစိုး​ရအဖွဲ့​သည် အနာဂတ်တွင် ​ရေကြီး​မှုများ​အတွက် ကြိုတင်ကာကွယ်နိုင်​ရေး​ နည်း​လမ်း​ရှာ ​ဆောင်ရွက်သွား​မည်ဟု ကတိပြု ​ပြောဆိုခဲ့​သည်။ ​ရေ​ဘေး​သင့်​နိုင်သည့်​ ​နေရာများ​တွင် ခွင့်​ပြုချက်မရှိဘဲ ​ဆောက်လုပ်​နေသည့်​ အ​ဆောက်အအုံများ​ကို စီစစ်ဖယ်ရှား​ရန် စီစဉ်​နေ​ကြောင်း​လည်း​ ဒယ်မာကဆိုသည်။

ထို့​အပြင် သမ္မတက ပြည်သူ့​ဘဏ္ဍာကို အသုံး​ပြုပြီး​ ​ရေကြီး​စဉ်က ဆိုး​ဆိုး​ရွား​ရွား​ ပျက်စီး​သွား​သည့်​ လမ်း​နှင့်​တံတား​များ​ကိုလည်း​ ပြန်လည်ပြင်ဆင်ရန် စတင်လုပ်​ဆောင်​နေပြီဖြစ်​ကြောင်း​ ထုတ်​ဖော်​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here