အာဖဂန်နစ္စတန်တွင် မိဘအချို့​က က​လေး​ငယ်များ​အား​ ဘိန်း​ကျွေး​လေ့​ရှိ

alt

အာဖဂန်နစ္စတန်တွင် အချို့​သော က​လေး​သူငယ်များ​အား​ မိဘများ​က ဘိန်း​ကျွေး​လေ့​ရှိ​ကြောင်း​ သိရသည်။ ကမ္ဘာ​ပေါ်တွင် ဘိန်း​အများ​ဆုံး​ ထွက်ရှိသည့်​ နိုင်ငံအတွင်း​ ဆင်း​ရဲနွမ်း​ပါး​သည့်​ မိသား​စုများ​တွင် ကာလရှည်ကြာစွာ အလုပ်လုပ်ရ​သော မိဘများ​သည် က​လေး​အား​

မထိန်း​နိုင်သဖြင့်​ ယခုလို ဘိန်း​ကျွေး​ကြခြင်း​ဖြစ်သည်။ အဇစ်ဆို​သော မိခင်တစ်ဦး​က သူမ၏ က​လေး​သည် ဘိန်း​မ​ကျွေး​လျင် မအိပ်သလို သူမကိုလည်း​ မျက်စိ​အောက်မှ အ​ပျောက်မခံ​ကြောင်း​၊​ မဖြစ်မ​နေ လိုအပ်ချက်အရ လုပ်ငန်း​ခွင်ဝင်တိုင်း​ က​လေး​ကို ဘိန်း​ကျွေး​ရ​ကြောင်း​ အဇစ်က ရှင်း​ပြခဲ့​သည်။

ဘက်ကဲ့​သို့​ ​ဒေသများ​တွင် အစဉ်အလာ တစ်ခုကဲ့​သို့​ ဖြစ်​ပေါ်​နေ​သော အ​လေ့​အထ​ကြောင့်​ က​လေး​များ​ ငယ်ငယ်ရွယ်ရွယ်နှင့်​ ဘိန်း​စွဲလာနိုင်​ခြေ ရှိ​နေ​ကြောင်း​ အာဖဂန်ရှိ က​လေး​သူငယ် ​စောင့်​ရှောက်​ရေး​ အသင်း​များ​ကဆိုသည်။ ထို့​အပြင် ဘိန်း​ကဲ့​သို့​ ထိုင်း​မှိုင်း​ယီ​ဝေ​စေသည့်​ အာနိသင်ရှိ​သော အရာများ​ အကန့်​အသတ်မရှိ သုံး​စွဲ​နေခြင်း​သည် က​လေး​များ​၏ ကျန်း​မာ​ရေး​အတွက် ဆိုး​ရွား​သော သက်​ရောက်မှုများ​ ရှိလာ​စေနိုင်​ကြောင်း​ အာဖဂန်ရှိ က​လေး​သူငယ် ​စောင့်​ရှောက်​ရေး​ အသင်း​တစ်ခုမှ ​ဒေါက်တာမိုမက်ဒါအုတ်က ​ပြောဆိုသွား​သည်။

ဘိန်း​သည် ​ဆေး​ဝါး​အဖြစ် အသုံး​ပြုပါက အလွန်အာနိသင် ထက်မြက်​ကြောင်း​၊​ သို့​သော် အတိုင်း​အဆ အတိအကျမရှိဘဲ က​လေး​များ​အား​ တိုက်​ကျွေး​နေမှုသည် ​ကြောက်စရာ​ကောင်း​လှ​ကြောင်း​ ၎င်းက ​ပြောကြား​သွား​ခဲ့​သည်။ သို့​သော် ဆင်း​ရဲနိမ့်​ကျလှသည့်​ လူမှုဘဝတွင် ဘိန်း​ကျွေး​မှုကို ထိထိ​ရောက်​ရောက် တား​မြစ်ရန်မှာ ခက်ခဲလွန်း​ကြောင်း​လည်း​ ၎င်းက ဝန်ခံ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here