၂၃ ထပ်တိုက်​​အမြင့်​မှ ပြုတ်ကျ​​သော်လည်း​ ​သေကံ​​မ​ရောက်သည့်​ အာဂျင်တီး​နား​​​အမျိုး​သမီး​

alt

အာဂျင်တီး​နား​နိုင်ငံတွင် အမျိုး​သမီး​တစ်ဦး​သည် ၂၃ ထပ်တိုက်အမြင့်​မှ ပြုတ်ကျ​သော်လည်း​ အသက်မ​သေခဲ့​ကြောင်း​ သိရသည်။ ငယ်ရွယ်​သော အမျိုး​သမီး​တစ်ဦး​သည် ဗျူနို​အေး​ရီး​ရှိ ဇိမ်ခံဟိုတယ် တစ်ခု၏ အထပ်မြင့်​မှ ပြုတ်ကျခဲ့​ ခြင်း​ဖြစ်သည်။

သူမသည် Taxi တစ်စင်း​ပေါ် တည့်​တည့်​ကျခဲ့​ခြင်း​ဖြစ်ပြီး​ Taxi ကား​မှာ ကျိုး​ကြေသွား​ခဲ့​သည်။ ထိုအချိန်တွင် ကား​ထဲမှ ဒရိုင်ဘာသည် အပြင်သို့​ ​ရောက်​နေသဖြင့်​ ကံ​ကောင်း​သွား​ခဲ့​သည်။ ဇန်နဝါရီလ ၂၄ ရက်​နေ့​က ဖြစ်ပွား​ခဲ့​သော မ​ တော်တဆမှုအတွင်း​ အမျိုး​သမီး​ ပြုတ်ကျရာ Taxi သည် ​လေကာမှန်​ရော၊​ အမိုး​ပါ လုံး​ဝပြား​ချပ်အက်ကွဲသွား​ကြောင်း​ ရဲများ​ကဆိုသည်။ ထိုအမျိုး​သမီး​မှာ အာဂျင်တီး​နား​ နိုင်ငံသား​တစ်ဦး​ဖြစ်ပြီး​ အသက် ၂၀ ဝန်း​ကျင်ဟု သိရသည်။

သူမပြုတ်ကျလာရခြင်း​ အ​ကြောင်း​ရင်း​ကိုမူ မ​ဖော်ထုတ်နိုင်​သေး​ချေ။ ဒဏ်ရာများ​ ရရှိထား​သည့်​ အမျိုး​သမီး​အား​ နီး​စပ်ရာ ​ဆေး​ရုံသို့​ တင်ပို့​ပေး​လိုက်ရ​ကြောင်း​လည်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here