အမျိုး​သမီး​အတွင်း​ခံ​အဝတ်အစား​ကြော်ငြာ​ရိုက်ကူး​သည့်​ Transformer 3 မင်း​သမီး​

alt

Transformers 3 ဇာတ်ကား​တွင် ပါဝင်သရုပ်​ဆောင်ထား​သည့်​ မင်း​သမီး​ ရိုစီဟက်တင်ဂန် ဝှစ်ဘလီသည် ဆွဲ​ဆောင်မှုရှိ​သော ဓာတ်ပုံများ​ကို Victoria’s Secret အမျိုး​သမီး​ အတွင်း​ခံ ​ကြော်ငြာအတွက် ရိုက်ကူး​ပေး​ခဲ့​ကြောင်း​ သိရသည်။

Victoria’s Secret၏ ပင်တိုင်​မော်ဒယ် တစ်ဦး​အဖြစ်မှ ရုပ်ရှင်​လောကသို့​ ကူး​ပြောင်း​လာ​သော ဝှစ်ဘလီသည် အ​မေရိကန်၏ နာမည်​ကျော် အတွင်း​ခံ အဝတ်အထည် လုပ်ငန်း​ကြီး​အတွက် အညို​ရောင် ဝတ်စုံဖြင့်​ စိတ်လှုပ်ရှား​ဖွယ် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့​သည်။ သူမသည် မင်း​သမီး​ မီဂန်​ဖော့​စ်​နေရာ ဆက်ခံကာ Transformers ၏ တတိယ​မြောက် ဇာတ်ကား​တွင် ပါဝင်ခွင့်​ ရခဲ့​ခြင်း​ဖြစ်သည်။

Transporter မင်း​သား​ ​ဂျေဆင်စတက်ဟမ်း​နှင့်​ ချစ်သူဖြစ်​နေသည့်​ ရိုစီကဲ့​သို့​ပင် ​ တော်အာဖရိက အလှမယ် အလက်ဇန်း​ဒရား​ အမ်ဘရိုဆီယိုလည်း​ Victoria’s Secret ၏ ​ကြော်ငြာ Campaign အတွက် ပါဝင်ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့​သည်ဟု သတင်း​များ​က ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here